မိုင်းခွဲဖျက်ဆီးခံရသည့် ကမာစိုင် တံတားအား ပြင်ဆင်ပြီးစီး

(ပြည်တွင်း) ဩဂုတ် ၂

သထုံမြို့နယ်၊ ရန်ကုန် မော်လမြိုင် လမ်းမကြီးပေါ်ရှိ ကမာဆိုင်ကျေးရွာအလွန် ကမာဆိုင်ကွက်သစ်ရှိ တံတားအမှတ် ၃/၁၃၆ မိုင်တိုင်အမှတ် ၁၃၄/၄ နှင့် ၅ ကြားရှိ အရှည်၁၀ ပေ အကျယ် ၄၀ ပေ သံကူကွန်ကရစ်တံတားပါ တံတားတစ်စင်းအား KNU တပ်မဟာ ၁ လက်အောက်ခံ အကြမ်းဖက် KNU/PDF များမှ သြဂုတ်လ ၂ ရက်၊ နံနက် ၄ နာရီ ၁၅ မိနစ် အချိန်ခန့်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။
အကြမ်းဖက် KNU/PDF များ မိုင်းခွဲဖျက်ဆီးခဲ့မှုကြောင့် တံတားမှာ ယာဥ်ကြီးယာဥ်ငယ်များ သွားလာ၍မရတော့ပဲ လမ်းပန်းဆက်သွယ်ရေး ခေတ္တပြတ်တောက်သွားခဲ့ရသော်လည်း ပြည်နယ်အစိုးရ၏လမ်းညွှန်မှုနှင့်အတူ သက်ဆိုင်ရာလမ်းကုမ္ပဏီမှ မိဘပြည်သူများ သွားလာမှုအဆင်ပြေစေရေး ချက်ချင်းပြင်ဆင်မှုများ ဆောင်ရွက်ခဲ့မှုကြောင့် နံနက် ၉ နာရီအချိန်မှစ၍ ယာဥ်များအားလုံး ဖြတ်သန်းသွားလာ၍ ရနေပြီဖြစ်ကြောင်း သိရသည်။

#PAN