ရွှေပဲသီးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ


(ကျန်းမာရေး) ဇူလိုင် ၃၁

ရွှေပဲသီးမှာဆိုရင် ဗီတာမင်အေ၊ စီ၊ အမျှင်ဓာတ်တွေနဲ့ သံဓာတ်၊ ဗီတာမင်ကေ တိုပါဝင်တဲ့အပြင် အခြားအာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။

ရွှေပဲသီးစားခြင်းက နှလုံးကို ကျန်းမာစေပါတယ်။ ကယ်လိုရီနည်းပါးခြင်းက နှလုံးနဲ့ဆက်စပ်တဲ့ပြဿနာတွေ မဖြစ်စေတော့ပါဘူး။

ဒါ့အပြင် အဆီလည်းပါဝင်ခြင်းမရှိ၊ ဖောလိတ်ဓာတ်ကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

နှလုံးကျန်းမာစေရုံသာမက ခန္ဓာကိုယ်အလေးချိန်ကို ထိန်းနိုင်စေပြီး အရိုးတွေကိုလည်း သန်စွမ်းခိုင်မာစေနိုင် ပါတယ်။

ဗီတာမင်ကေ နဲ့ သံဓာတ်ပါဝင်တာကြောင့် သွေးအားနည်းခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။

ရွှေပဲသီးမှာ အမျှင်ဓာတ်မြင့်မားတာကြောင့် အစာခြေစနစ်ကို ကူညီပေးနိုင်ပါတယ်။ သွေးထဲက သကြားဓာတ် ကိုလည်း ထိန်းပေးနိုင်ပြီး အမျှင်ဓာတ်ကြောင့် အစာကြေညက်လွယ်နိုင်ပါတယ်။

ကယ်လိုရီနည်းပါးစွာ ပါဝင်တာ ကြောင့် ကိုယ်အလေးချိန် မတက်စေဘဲ နှလုံး၊ သွေးတိုး၊ ဆီးချို စတဲ့ အခြားနောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်နိုင် ပါဘူး။

ဒါ့အပြင် ခုခံအားလည်း ကောင်းစေပါတယ်။ ဗီတာမင်စီ နဲ့ Carotenoid ပါဝင်တာကြောင့် အအေးမိတုတ်ကွေး၊ ပြင်ပမှ ကူးစက်မှုတွေကို ကာကွယ်နိုင်ပါတယ်။ ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း လျော့ကျစေပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ