မော်လမြိုင်-ရန်ကုန် ၈၂ အစုန်ရထားတစ်စင်း ကရင်လေးဆိပ်နှင့် ဒုံဝန်းဘူတာကြား၌ တွဲချော်မှုဖြစ်ပွား


(ပြည်တွင်း) ဇူလိုင် ၁၇

ယနေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန်ခန့်တွင် မော်လမြိုင်-ရန်ကုန် ၈၂ အစုန်ရထားတစင်း ကရင်လေးဆိပ်နှင့် ဒုံဝန်းဘူတာကြား၌ တွဲချော်မှုဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မော်လမြိုင်-ရန်ကုန် ၈၂ အစုန်ရထားသည် စက်‌‌ခေါင်းမောင်း ဦးစောရာထူး၊ တွဲထိန်း ဦးဇော်သူလှိုင်၊‌ မော်လမြိုင်မီးရထားရဲ ဒုရဲအုပ်မျိုးမင်းအောင်ဦးစီးတို့နှင့်ခရီးသည်များလိုက်ပါလာသော စက်ခေါင်းအမှတ် DF 2097 မီးရထားသည် ကရင်လေးဆိပ်နှင့်ဒုံဝန်းဘူတာကြား ရထားလမ်းမိုင်တိုင် ၁၂၃ /၁၂ နှင့် ၁၃ ကြားတွင် စက်ခေါင်း(၁)တွဲ၊ upper (၆)တွဲ၊ ရိုးရိုးတွဲ(၈)တွဲစုစုပေါင်း (၁၅)တွဲမှ စက်ခေါင်း (၁)တွဲ ၊ upperတွဲ(၂) တွဲစုစုပေါင်း (၃)တွဲတို့သည်တိမ်းမှောက်မှုမရှိဘဲ ရထားလမ်း လမ်းချော်ကျခဲ့ကြောင်းနှင့်လူထိခိုက်မှုမရှိပဲ ရထားကို ရပ်တန့်ထားနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ ရထားတွဲချော်နေရာသို့ လုံခြုံရေးအဖွဲ့ဝင်းများနှင့် ရထားလမ်းပိုင်းတာဝန်ရှိသူများက ရထားလမ်းပေါ်သို့ ရထားတွဲများပြန်လည်ပြေဆွဲနိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

https://t.me/positiveanglenews/22224

PAN

GE #SZ