ဖောင်းပြင်မြို့နယ် ဟွေ့ကြိုင်းကျေးရွာအနီး အကြမ်းဖက် PDF အလောင်း၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ


(ပြည်တွင်း) ဇူလိုင် ၁၇

ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ဟွေ့ကြိုင်းကျေးရွာအနီး လုံခြုံရေးအဖွဲ့များ နယ်မြေရှင်းနေစဉ် အကြမ်းဖက် PDF များနှင့် ထိတွေတိုက်ပွဲဖြစ်ပွားခဲ့ရာ ၎င်းတို့၏ အလောင်းနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။

ယင်း‌ ထိတွေ့ပစ်ခတ်မှုမှ အကြမ်းဖက် PDF အလောင်း ၃ လောင်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၁ လက်၊ လက်လုပ်သေနတ်(အရှည်) ၁ လက်၊ ကျည်မျိုးစုံ ၁၈ တောင့်၊ ကျည်အိမ် ၁ ခုတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ