ချီဖွေမြို့ရှိ KBC စစ်ရှောင်စခန်း (၂)အဆောင်မီးလောင်မှုဖြစ်ပွား


(ပြည်တွင်း) ဇူလိုင် ၁၂

ယမန်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကချင်ပြည်နယ်၊ ချီဖွေမြို့ရှိ KBC စစ်ရှောင်စခန်း (၂)တွင် ဖုန်းအားသွင်းထားရာမှ ဝါယာရှော့ခ်ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အဆောင် ၁ ခု ပျက်စီးဆုံးရှုံးသွားပြီး ထိုအဆောင်တွင်နေထိုင်သည့်သူများ၏ ပစ္စည်းဆုံးရှုံးမှုများရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုးစာရင်း အတိအကျမသိရှိရသေးကြောင်း၊ ၎င်း အဆောင်တွင် အိမ်ထောင်စု ၉ စုရှိပြီး လူဦးရေ ၄၅ ဦးရှိ ကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ