အုတ်တွင်းမြို့၌ ကျောင်းတက်ရန်လာသောကျောင်းသားများအား ဘောက်ဆာကားမှဝင်တိုက်မိ


(မှုခင်း) ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၉/၄ နှင့် ၁၄၉/၅ အကြားတွင် ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်ခန့်က ကျွဲပွဲမြို့ဘက်မှ အုတ်တွင်းမြို့ဘက်သို့ ယာဥ်မောင်း အာကာစိုးဝင်း၊ အသက် ၄၂ နှစ်၊ သန်လျင်မြို့နေသူမောင်းနှင်လာသော ယာဥ်အမှတ် 3P/4735 နောက်တွဲအမှတ်TLR-2709MERCEDES BENZ ACTROS အမျိုးအစား အဖြူရောင် (၂၂) ဘီးဘောက်ဆာယာဥ်သည် မောင်းနှင်လာစဥ် အုတ်တွင်း အ.ထ.က ကျောင်းသို့ စက်ဘီးဖြင့် ကျောင်းတက်ရန်လာသော မဝေဝေလှိုင်၊ မောင်မျိုးပြည့်ဟိန်း၊ မောင်မြတ်စိုးမောင်(၉)တန်း ကျောင်းသား/ကျောင်းသူများ စီးနင်းလာသော စက်ဘီး ၃ စီးအား နောက်မှဝင်တိုက်မိခဲ့သဖြင့် မောင်မျိုးပြည့်ဟိန်း၊ မဝေဝေလှိုင် နှင့် မောင်မြတ်စိုးမောင်တို့တွင် ပြင်းထန်ထိခိုက် ဒဏ်ရာများရရှိကာ အတွင်းလူနာ(စိုးရိမ်ရ)များအဖြစ် တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

PKL #SZ