ရန်ကုန်မြစ်အတွင်း ကျောင်းသား/သူ ၁၇ ဦး လိုက်ပါလာသည့် သမ္ဗာန်(၁)စီး တိမ်းမှောက်မှုဖြစ်ပွား


(မှုခင်း) ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ရန်ကုန်မြစ်အတွင်း၊ ဗားကရားဆိပ်ကမ်းမှ ရေမိုင်(၅)ဖာလုံခန့်အကွာတွင် ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်အချိန်ခန့်က ကျောင်းသား/သူ ၁၇ ဦး လိုက်ပါလာသည့် သမ္ဗာန် ၁ စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သမ္ဗာန်တိမ်းမှောက်သည့် နေရာသို့ အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ 191 ယာဉ် ၁ စီး၊ သူနာတင်ယာဉ် ၁ စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ သူနာတင်ယာဉ် ၁ စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်လျက် ရှိကြောင်း၊ ရေယာဉ်ပေါ်ပါရှိသူ ၁၇ ဦးအနက် ၈ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ