အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှ ဘုန်းတော်ကြီးကျောင်းပေါ်သို့ Drone ဖြင့် Drop Bomb ၁ လုံး ကြဲချ


(ပြည်တွင်း) ဇူလိုင် ၉

ယနေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှ စဥ့်ကူးမြို့ပေါ်သို့ Drone ဖြင့် Drop Bomb ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဗုံးမှာ စဥ့်ကူးမြို့၊ စံကျောင်းဘုန်းတော်ကြီးကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ Drop Bomb ကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီးကျောင်းတွင် လာရောက်ခိုလှုံလျက်ရှိသော စဥ့်ကူးမြို့မှ တိုက်ပွဲရှောင် ပြည်သူအချို့ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ စဥ့်ကူးမြို့အတွင်းရှိ ပြည်သူများမှာ ဘေးလွတ်ရာသို့ ရွေ့ပြောင်းလိုသော်လည်း အကြမ်းဖက်အဖွဲ့များက မြို့အဝင်/အထွက်အား ပိတ်ဆို့ထားသဖြင့် ရွေ့ပြောင်းနိူင်ခြင်းမရှိဘဲ မြို့အတွင်းပိတ်မိနေကြောင်း သတင်းရရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN