ရေတာရှည်မြို့နယ်တွင် အပြစ်မဲ့ပြည်သူတစ်ဦးကို အကြမ်းဖက်အဖွဲ့များကသတ်ဖြတ်ခဲ့


(ပြည်တွင်း) ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ဇူလိုင်လ ၁ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က သာမာန် အပြစ်မဲ့ပြည်သူတောင်ယာလုပ်ကိုင်သူတစ်ဦးအား အကြမ်းဖက်အဖွဲ့များက အုပ်စုဖွဲ့ဝင်ရောက်၍ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ တခွဲကျဲကျေးရွာတွင်နေထိုင်သူ ကိုမောင်အေး၊ (ဘ)ဦးတင်မောင်၊ အသက် ၅၅ နှစ်ခန့်ရှိသူအား KNU/PDF အဖွဲ့များမှ ရောက်ရှိလာပြီး လက်ပြန်ကြိုးတုတ်၍ သေနတ်ဖြင့်ပစ်သတ်သွားကြောင်း ရွာသူရွာသားများမှတွေ့ရှိခဲ့ပြီး ကျေးရွာအတွင်း၌ သေနတ်များလည်း ဖောက်သွားခဲ့ကာ အဆိုပါအကြမ်းဖက်အဖွဲ့သည် ကွမ်းအုံရွာဘက်သို့ ထွက်သွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့များသည် ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ နေ့စဥ်လှည့်လည်သွားလာ ဝင်ရောက်လျှက်ရှိပြီး အတင်းအဓမ္မလူသစ်ခေါ်ယူစုဆောင်းခြင်း၊ လစဥ်ဆတ်ကြေးများ ကောက်ခံခြင်း ၊ ခေါင်းစဥ်အမျိုးမျိုးတပ်၍ အမြင်မတူသူများအား သတ်ဖြတ်ခြင်း၊ လူပုဂ္ဂိုလ်မကျေလည်မှု အမြင်မတူသူများအား အခကြေးငွေယူ၍ သတ်ဖြတ်ခြင်း၊ အကြွေးတောင်းပေးခြင်း စသည့်လုပ်ရက်များကို အကြမ်းဖက်အဖွဲ့များက လုပ်ဆောင်လျှက်ရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

PKL #ZN