မန္တလေး-မိုးကုတ်ကားလမ်းမပေါ်တွင် အကြမ်းဖက် PDF အဖွဲ့မှ ကားများနှင့် ဆိုင်ကယ်များအား ရပ်တန့်ခိုင်းပြီး ယာဥ်မောင်းများကို ပါးရိုက်ကာ ခရီးသည်များ၏ ငွေများ လုယူ


(ပြည်တွင်း)မေ ၃၀

မန္တလေး-မိုးကုတ်ကားလမ်းမပေါ်တွင် အကြမ်းဖက် PDF အဖွဲ့မှ ကားများနှင့် ဆိုင်ကယ်များအား ရပ်တန့်ခိုင်းပြီး ယာဥ်မောင်းများကို ပါးရိုက်ကာ ခရီးသည်များ၏ ငွေများ လုယူ


(ပြည်တွင်း)မေ ၃၀

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့ နယ်၊ ညောင်ဝန်းကျေးရွာနှင့်ငွေတောင်ကျေးရွာကြားရှိ အလင်း ဆိုင်ရှေ့၊မန္တလေး-မိုးကုတ်ကားလမ်းမပေါ်တွင် အကြမ်းဖက် PDF အဖွဲ့မှ သေနတ် များကို ပစ်ဖောက်ပြီး ကားလမ်းပေါ၌ ဖြတ်သန်းသွားလာ မောင်းနှင်လျက်ရှိသော ကားများနှင့်ဆိုင်ကယ်များ အားလုံးတို့ကို တားဆီး၍ ရပ်တန့်ခိုင်းပြီး စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်PDFအဖွဲ့သည် ယမန်နေ့ မွန်းလွဲ၃နာရီခွဲအချိန်မှ ၄နာရီ၁၅မိနစ်အချိန်ခန့်ထိ ခရီးသည်တင် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသူအားလုံးတို့ကို ကားပေါ်မှအောက်သို့ ဆင်းခိုင်းပြီး ကားလမ်းမပေါ်၌ ဒူးများထောက်ခိုင်းထားခြင်း၊စကားအပြောအဆို မတတ်သည့် ယာဉ်မောင်းများအား ပါးရိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး ယာဉ်ပေါ်တွင်ပါရှိလာသည့် ခရီးသည်များ၏ ငွေများကိုလည်း သိမ်းဆည်းသွားခြင်းများ ပြုလုပ်ခဲ့​​ကြောင်းသိရသည်။

၎င်းအပြင် ကားလမ်းမအတိုင်း မောင်းနှင်လာသည့် 4 Wheel မော်တော်ယာဉ် ၂စီးတို့အား ယူဆောင်၍ ငွေတောင်ကျေးရွာရှိ ရွာလယ်လမ်းအတိုင်း အရှေ့တောင်ခြေဖက်သို့ မောင်းနှင်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ