အရှေ့တောင်အာရှ ဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားအဖွဲ့ ဆုတံဆိပ် ( ၁၇ ) ခုရရှိခဲ့


(အားကစား) မေ ၂၉

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ မေ ၂၂ ရက်မှ ၂၆ ရက်ထိကျင်းပခဲ့‌သည့် အရှေ့ တောင်အာရှဂျူနီယာ ချန်ပီယံရှစ်ကြက်တောင်ပြိုင်ပွဲ ၂၀၂၄ (Badminton Asia South East Asia(Under 17 & Under 15) REGIONAL JUNIOR CHAMPIONSHIP 2024) တွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာကြက် တောင်အားကစားအဖွဲ့သည် ပြိုင်ပွဲများအပြီးတွင် ရွှေတံဆိပ်(၁၂)ခု၊ ငွေတံဆိပ်(၄)ခုနှင့်ကြေးတံဆိပ်(၁)ခု၊ စုစုပေါင်းဆုတံဆိပ် ( ၁၇ ) ခုရရှိခဲ့ကြောင်း သိရသည်။

အုပ်ချုပ်သူဦးအောင်ခိုင်ထွေး၊ နည်းပြဒေါ်တွယ်တာဦး ပါဝင်သည့် မြန်မာကြက်တောင်အားကစားအားကစားသမားရှစ်ဦး ပါဝင်သည့်အဖွဲ့သည် မေလ ၂၇ ရက်နေ့ ညနေ ၆နာရီ က ရန်ကုန် အပြည်ပြည်ဆိုင်ရာ‌လေဆိပ်သို့ပြန်လည်‌ရောက်ရှိလာကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားသမားများသည် ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အရှေ့ တီမောနှင့် အိမ်ရှင်လာအိုနိုင်ငံတို့မှ ကြက်တောင်အားကစားသမားများနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ အသက် ၁၅ နှစ်အောက်နှင့် အသက် ၁၇ နှစ်အောက်ပြိုင်ပွဲတိုင်းတွင် ပြိုင်ဘက်များအားပွဲပြတ်များဖြင့် အနိုင်ရရှိခဲ့ပြီး ဆုတံဆိပ်များကို ဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် အသက် ၁၅ နှစ်အောက်အသင်းလိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အသက် ၁၅ နှစ်အောက်ပြိုင်ပွဲများဖြစ်သည့် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် အုပ်စိုးခန့်ကရွှေတစ်ခု၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ယွန်းသက်ထားမောင်က ရွှေတစ်ခု၊ သဒ္ဒါထက်ကျော်က ငွေတစ်ခု၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် အုပ်စိုးခန့်နှင့်မြင့်မြတ်လင်းတို့အတွဲက ရွှေတစ်ခု၊ အမျိုးသား၊အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် အုပ်စိုးခန့်နှင့်သဒ္ဒါထက်ကျော်တို့အတွဲက ရွှေတစ်ခု၊ မြင့်မြတ်လင်းနှင့်ယွန်းသက်ထားမောင်တို့အတွဲ က ကြေးတစ်ခု၊ အမျိုးသမီးနှစ်ယောက် တွဲပြိုင်ပွဲတွင် သဒ္ဒါထက်ကျော်နှင့် ယွန်းသက်ထားမောင် တို့အတွဲက ရွှေတစ်ခု အသီးသီးဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။

ထို့အတူအသက် ၁၇ နှစ်အောင်အသင်းလိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အသက် ၁၇ နှစ်အောက်ပြိုင်ပွဲများဖြစ်သည့် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ဟိန်းသီဟ အောင်ကငွေတစ်ခု၊ ဉာဏ်ရှိန်လင်းကရွှေတစ်ခု၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် လင်းလင်း ထက်ကရွှေတစ်ခု၊ ရှဲန်လမိန်းကငွေတစ်ခု၊ အမျိုးသား၊အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ဟိန်းသီဟအောင်နှင့် ရှဲန်လမိန်းတို့အတွဲက ရွှေတစ်ခု၊ ဉာဏ်ရှိန်လင်းနှင့်လင်းလင်းထက်တို့အတွဲက ငွေတစ်ခု၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ဟိန်းသီဟအောင်နှင့်ဉာဏ်ရှိန်လင်းတို့အတွဲက ရွှေတစ်ခု၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် လင်းလင်းထက်နှင့်ရှဲန်လမိန်းတို့အတွဲက ရွှေတစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

မြန်မာကြက်တောင်အားကစားအဖွဲ့အနေဖြင့် ကြက်တောင်ကစားသမားရှစ်ဦးဖြင့် ပြိုင်ပွဲဝင်ခဲ့ကာ ဆုတံဆိပ်များကိုဆွတ်ခူးရယူခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်သည့် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၁ ခုဆွတ်ခူးရရှိခဲ့ပြီး ယခုနှစ်ပြိုင်ပွဲတွင် ယခင်နှစ်အောင်မြင်မှုထက် ပိုမိုဆောင်ရွက်နိုင် ခဲ့ကြောင်းသိရသည်။

မြန်မာကြက်‌ေတာင်အားကစားသမားများသည်အသက်၁၅နှစ်အောက်ပြိုင်ပွဲတွင်‌ရွှေခြောက်ခု၊‌ငွေတစ်ခု၊‌ကြေးတစ်ခု၊အသက်၁၇နှစ်ပြိုင်ပွဲတွင်‌ရွှေခြောက်ခု၊‌ငွေသုံးခု၊စုစု‌ပေါင်းဆုတံဆိပ် ၁၇ ခု ဆွတ်ခူးရရှိခဲ့‌ကြောင်း သိရသည်။ အရှေ့တောင်အာရှဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲတွင်မြန်မာ၊လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊အရှေ့တီမောနိုင်ငံတို့ ပါ၀င်ကာ အားကစားသမား ၅၀ ခန့်၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ