မန်ယူအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ဆုရှင်များ

(အားကစား) မေ ၂၄

မန်ယူအသင်းရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအဖြစ် ပေးအပ်တဲ့ (ဆာ မတ်ဘတ်စ်ဘီဆု) ကိုတော့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ရရှိသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ အဆင့် ၈ နေရာနဲ့ ရာသီသိမ်းခဲ့ရတယ်ဆိုပေမယ့် ဘရူနိုကတော့ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေနဲ့ ကစားခွင့်ရတဲ့ပွဲတိုင်းမှာ ကြိုးစားအားထုတ်ကစားပေးထားနိုင်ခဲ့တာ တွေ့ရပါတယ်။

အသင်းဖော်များရွေးချယ်သည့် အကောင်းဆုံးဆုကို ဒါလော့၊ သွင်းဂိုးဆုကို ဂါနာချိုတို့က ရရှိခဲ့ကြောင်း သိရပါတယ်။

အမျိုးသမီးအကောင်းဆုံးဆု သုံးဆုကို အယ်လာထွန်နေက ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။