လေးနှစ်ဆက်ချန်ပီယံ ဖြစ်လာခဲ့ပြီး မှတ်တမ်းအသစ်စိုက်ထူနိုင်ခဲ့တဲ့ ဂွါဒီယိုလာ


(အားကစား) မေ ၂၀

ပရီးမီးယားလိဂ် ဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်ပြိုင်ပွဲတစ်ခုဖြစ်ပြီးတော့ နာမည်ကြီးနည်းပြတွေတောင် ဖလားရဖို့အတွက် တော်တော်လေးရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန် တစ်ဦးတည်းသာ ပရီးမီးယားလိဂ်ဖလားကို အကြိမ်အရေအတွက် အများဆုံးရအောင် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ ဂွါဒီယိုလာ က ဆာအဲလက်စ်ဖာဂူဆန် မလုပ်နိုင်ခဲ့တဲ့အရာတစ်ခုကို လုပ်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂွါဒီယိုလာ က ပရီးမီးယားလိဂ်သမိုင်းမှာ (၄)ကြိမ်ဆက်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပြနိုင်ခဲ့ပြီး မနှစ် ကလည်း ဆာအဲလက်စ်ဖာဂူဆန် ရဲ့ စံချိန်ဖြစ်တဲ့ တစ်ရာသီအတွင်း အဓိကဆုဖလား ၃ လုံးရရှိခဲ့တဲ့ ဂုဏ်ပုဒ်ကို အမီလိုက်နိုင်ခဲ့သလို အခုလည်း ဆာအဲလက်စ် ထက်သာအောင် နောက်ဆုံး ၄ နှစ်ဆက် ချန်ပီယံဖြစ်အောင်လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews/22771

PAN

SZ