မေ ၁၆
အချိုစာတွေက ကျန်းမာရေးအတွက် ဆိုးရွားစေနိုင်တာကြောင့် ကျန်းမာရေးကောင်းဖို့အတွက် အချိုစာ တွေကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။ အချိုစာတွေက ဆီးအိမ်ကို လှုဆော်မှုပေးနိုင်တာကြောင့် ဆီးထိန်းရ ပိုမို ခက်ခဲသွားနိုင်ပါတယ်။
အရက် (Alcohol)ဟာ ဦးနှောက်ကနေ ဆီးအိမ်သို အချက်ပြတဲ့စနစ်ကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ အဲဒါကြောင့် အရက်သောက်ထားသူတွေက ပိုပြီးတော့ ဆီးမထိန်းနိုင် ဖြစ်တတ်ကြပါတယ်။
ကဖင်းက ဆီးရွှင်နိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ကော်ဖီများများ သောက်တတ်တဲ့သူတွေက ဆီးမထိန်း နိုင်တာနဲ့ ဆက်စပ်မှုရှိပါတယ်။
နောက်ပြီးတော့ အစပ်စာတွေကိုလည်း ရှောင်သင့်ပါတယ်။ အပူလွန်ကဲတဲ့ အစားအစာတွေက ဆီးအိမ်နံရံကို လှုဆော်မှုပေးနိုင်တာကြောင့် ဆီးထွက်ကျနိုင်ပါတယ်။
ဒါကြောင့် ဆီးမထိန်းသူတွေအနေနဲ့ ငရုတ်သီးနဲ့ Wasabi လိုမျိုး အစားအစာတွေကိုလည်း ရှောင်သင့်ပါတယ်။
Telegram»…
https://t.me/positiveanglenews/22631