အသက် ၁၅ နှစ်အရွယ် မိန်းကလေး မဂွမ်ရိန်ဒူနော်ကို မဒိန်းကျင့် သတ်ဖြတ်သွားသည့် တရားခံကို ပြင်ထန်စွာအရေယူပေးဖို့ ဒေသခံဦးရေ ၅၀၀၀ ကဆန္ဒထုတ်ဖော်


(ပြည်တွင်း )မေ ၁၃

ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်(၂) နေ အသက်(၁၅)နှစ်အရွယ် မိန်းကလေး မဂွမ်ရိန်ဒူနော်ကို မဒိန်းကျင့် သတ်ဖြတ်သွားသည့် တရားခံကို ဖမ်းဆီးရမိကြောင်းသိရပြီး အဆိုပါတရားခံကို ထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဖို့ ပူတာအိုဒေသခံ ပြည်သူ ၅၀၀၀ ဝန်းကျင်ခန့် က ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပူတာအိုမြို့ပတ်လမ်းတလျှောက် စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်(၂)နေ အသက် ၁၅ နှစ်အရွယ် မိန်းကလေး မဂွမ်ရိန်ဒူနော်ကို ပူတာအိုလေယာဉ်ကွင်းရပ်ကွက်အတွင်းရှိ မှန်ဆိုင်၌ အခြားဒေသမှ လာရောက်ကာအလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားဖြစ်သူကမဒိန်းကျင့်ပြီး လက်နှင့် လည်ပင်းတွင် ပြတ်ရှဒဏ်ရာများနှင့် အဓမ္မပြုကျင့်ခံရသည့်အနေအထားဖြင့် ရုပ်အလောင်းကို သက်ငယ်တောအတွင်း စွန့်ပစ်ကာအလောင်းကို ဖျောက်ဖျက်ခဲ့ခြင်းကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22541?single

PAN

KWN #SZ