မာရမ်းတောင်ခြေ ယုဇနဆီအုန်းစိုက်ခင်းအတွင်းရှိ မာရမ်းဆီအုန်းပျိုးခင်းတွင်နေထိုင်သည့် လင်မယား နှစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ လုပ်ကြံ သတ်ဖြတ်


(ပြည်တွင်း) မေ ၄

ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ မာရမ်းတောင်ခြေ၊ ယုဇနဆီအုန်းစိုက်ခင်းအတွင်းရှိ မာရမ်းဆီအုန်းပျိုးခင်းတွင်နေထိုင်သည့် လင်မယား နှစ်ဦးအား ယနေ့နံနက် ၃ နာရီအချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့မှ လုပ်ကြံသတ်ဖြတ်သွားကြောင်း သိရှိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုကြောင့် ဦးဝင်းစိုးတွင် ဦး​ခေါင်းပွင့်ဒဏ်ရာ ၁ ချက်၊ ရင်ဘတ်ထိုးသွင်းရာ ၁ ချက်၊ ၎င်း၏ဇနီး မသန်းသန်းခိုင်တွင် ယာဂျိုင်းအောက်ဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့ပြီး၊ သားဖြစ်သူ မင်းခန့်သူတို့​ သေဆုံးသွားခဲ့ရကြောင်း၊ ဦးဝင်းစိုးသည် လွန်ခဲ့သော တစ်နှစ်ခန့်က မာရမ်းတောင် ပေါ်တွင် စျေဆိုင်းရောင်းချနေစဥ် အကြမ်းဖက်များမှလာရောက်ပစ်ခတ်မှု့ကြောင့် သေနတ်ဒဏ်ရာရရှိ၍ ဆေးကုသမှု့ခံယူခဲ့ဖူးသူဖြစ်ကြောင်း သိရှိရသည်။

၎င်း လင်မယားအား လာရောက်လုပ်ကြံသည့် အကြမ်းဖက်အဖွဲ့မှာ ယခင်လက မြစိမ်းရောင်ရံပုံငွေအား ဓားမြတိုက်ခဲ့သည့် အကြမ်းဖက် ဝင်းဌေး ခေါင်းဆောင့်သည့် အဖွဲ့ဟု ဒေသခံများ၏ပြောကြားချက်အရ သိရှိရသည်။ ဦးဝင်းဌေးသည် ယခင် NLD လက်ထက် ခမောက်ကြီးမြို့အမှတ် ၄ ရပ်ကွက် အပိုင် ခမောက်ငယ်ကျေးရွာ တာဝန်ခံရာအိမ်မှူးတာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိတွင် ကော့သောင်း PDF အဖွဲ့၏ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဖြစ်ကာ ခမောက်ကြီးမြို့ ပါချန်မြစ်ဘေးရှိ (ဒေသအခေါ်ရှမ်းကိုးရွာ)ရွာများတွင် အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှု့များ မကြာခဏလုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ကော့သောင်းမြို့နယ်၏ အရှေ့ခြမ်း ပါချန်မြစ်ဘေးတွင် နမ့်တွန်တပ်စခန်း၏ အထက်ဝိုင်ဒင်းကျေးရွာတွင် ကော်သူးလေနှင့် ကော့သောင်း PDFအဖွဲ့များ ကြီးစိုးနေပြီး နမ်တွန်တပ်စခန်း၏ အောက်ဖက်ခြမ်းတွင် ဝင်းဌေးခေါင်းဆောင်သည့် ကော့သောင်း PDF(မြစိမ်းရောင်ရံပုံငွေအားဓားမြတိုက်သည့်အဖွဲ့)အဖွဲ့များကြီးစိုး၍ လှုပ်ရှားသွားလာနေမှု့တို့ကြောင့် ခမောက်ကြီးရှမ်းကိုးရွာဒေသသည် တည်ငြိမ်အေးချမ်းမှု့မရှိသည့် နယ်မြေအဖြစ်သို့ ရောက်ရှိနေ​ကြောင်း ယင်း ဒေသတွင်ရှိသော နမ်တွန်တပ်စခန်း၊ မာရမ်းရဲစခန်းတို့အား အချိန်မရွေးဝင်ရောက်တိုက်ခိုက်နိုင်ပါကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

Website>>…

VK Link>>…
https://vk.com/wall-220066330_6242

Telegram>>…
https://t.me/positiveanglenews/22272

PAN

SZ