ဧပြီ ၂၉
အမေရိကန်နိုင်ငံက သမ္မတစီးမည့် လေယာဉ်အသစ်တစ်စင်းကို ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း နှင့် ထိုလေယာဉ်သည် တန်ဖိုးအားဖြင့် ဒေါ်လာ ၁၃ ဘီလီယံ တန်ဖိုးရှိမည်ဖြစ်ကြောင်း လေတပ်ကထုတ်ပြန် ထားသည်။
နျူကလီးယားစစ်ပွဲဖြစ်ပွားသည့်အခါ သို့မဟုတ် အလွန်ကြီးမားသည့် ဘေးဆိုးကျရောက်သည့်အခါ မျိုးတိုတွင် မြေပြင်ပေါ်ရှိကွပ်ကဲမှုနှင့် ထိန်းချုပ်မှုစခန်းများ ပျက်စီးသွားသည့်အခါ သမ္မတအနေဖြင့် ဝေဟင် ပေါ်မှနေ၍ ဆက်လက်ကွပ်ကဲနိုင်စေရန်ရည်ရွယ်၍ လေယာဉ်အသစ်တစ်စင်းကို ထပ်မံတည်ဆောက်ခြင်း ဖြစ်သည်။
ထိုလေယာဉ်ကို ရှင်သန်နိုင်စွမ်းရှိသော ဝေဟင်စစ်ဆင်ရေး(SAOC)ဟု အမည်ပေးထားပြီး ဆီယာရီ နီဗားဒါး ကော်ပိုရေးရှင်း၏စက်ရုံတွင်သာ လုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၃၆ ခုနှစ်တွင် လေယာဉ်ကို အပြီးသတ် အပ်နှံရမည်ဖြစ်သည်။
ယင်းစီမံကိန်းကို စီးပွားရေးလုပ်ငန်းသုံးဂျက်လေယာဉ်မှ ခွဲထွက်ထားသည့်ပုံစံအပေါ်အခြေခံထားပြီး ပင်တဂွန်စစ်ဌာနချုပ်၏ စံချိန်စံညွှန်းများနှင့်အညီဖြစ်စေရန် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်မည်ဖြစ်သည်။
အဆိုပါ SAOC သည် အမေရိကန်လေတပ်က လက်ရှိအသုံးပြုနေသည့် အမျိုးသားဝေဟင်စစ်ဆင်ရေး ဌာန သိုမဟုတ် သက်တမ်းရင့်နေပြီဖြစ်သော E-4B Night watch နေရာတွင် အစားထိုးနေရာယူမည်ဖြစ်သည်။
လက်ရှိအသုံးပြုနေသော E-4B များသည် Boeing 747 လေယာဉ်အပေါ်တွင် အခြေခံတည်ဆောက် ထားခြင်းဖြစ်သည်။ ၁၉၇၀ ပြည့်နှစ်အလွန်ကာလများတွင် စတင်အသုံးပြုခဲ့သည့် ထိုလေယာဉ်များသည် ၂၀၃၀ ပြည့်နှစ်အလွန်ကာလ အစောပိုင်းတွင် အနားယူမည်ဖြစ်သည်။
အမေရိကန်လေတပ်သည် လက်ရှိတွင် E-4B လေယာဉ်လေးစင်းကို အသုံးပြုလျက်ရှိပြီး ထိုလေယာဉ်များသည် အဆင့်မြင့်ဆက်သွယ်ရေးပစ္စည်းများ တပ်ဆင်ထားသည့်အပြင် ဝေဟင်ဆီဖြည့်ခြင်း ကိုလည်း လုပ်ဆောင်နိုင်ကာ နျူကလီးယားပေါက်ကွဲမှုများနှင့် လျှပ်စစ်သံလိုက်လှိင်း သက်ရောက်မှုများကိုပါ ခံနိုင်ရည်ရှိကြောင်းသိရသည်။
Telegram>>…
https://t.me/positiveanglenews/22142