ကသစ်ကုန်းကျေးရွာက ရာအိမ်မှူး၏ နေအိမ်အား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ရာ နှစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိ


(ပြည်တွင်း) ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးအုပ်စု၊ ကသစ်ကုန်းကျေးရွာတွင် ယမန်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က ရာအိမ်မှူး၏ နေအိမ်အား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ ကသစ်ကုန်းကျေးရွာ ရာအိမ်မှူး ဦးသိန်းဝင်း၊ အသက် ၆၂ နှစ်၊ ဇနီး ဒေါ်စန်းဝင်း၊ သားဖြစ်သူ ကျော်စိုးသန့်၊ အသက် ၄၃ နှစ်၊ မြေးဖြစ်သူ မောင်အာကာလင်းဗိုလ်၊ အသက် ၁၄နှစ်၊တို့သည် နေအိမ်တွင် ရှိနေစဉ် ကသစ်ကုန်းလမ်းအတိုင်း လမ်းလျှောက်ဝင်ရောက်လာသည့် လူ (၄/၅)ဦးခန့်(စိစစ်ဆဲ)မှ ရာအိမ်မှူး ဦးသိန်းဝင်း ၏ နေအိမ်အတွင်း ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့၏ ပစ်ခတ်မှုကြောင့် မောင်အာကာလင်းဗိုလ် ၌ ဒဏ်ရာ(စိစစ်ဆဲ) ထိမှန်သေဆုံးခဲ့ပြီး ကျော်စိုးသန့် မှာ ယာလက်မောင်း ထိမှန်ဒဏ်ရာ၊ လည်ဂုတ် ထိမှန်ဒဏ်ရာ(စိုးရိမ်ရ) ထိမှန်ခဲ့ကြောင်း၊ ရာအိမ်မှူး ဦးသိန်းဝင်း မှာ နေအိမ်မှ ထွက်ပြေးစဉ် သေနတ်ဖြင့် ပစ်ခတ်သူများမှ နောက်မှ လိုက်လံပစ်ခတ်ခဲ့သဖြင့် နေအိမ်နှင့် ပေ(၃၀၀)ခန့်အကွာ ဦးဌေးလှ ၏ နေအိမ်ရှေ့အရောက်၌ ဦးသိန်းဝင်း ၌ လည်ပင်း ယာဘက် ထိမှန်ဒဏ်ရာ(စိစစ်ဆဲ)ဖြင့် ထိမှန်သေဆုံးခဲ့ကြောင်း၊ ဒေါ်စန်းဝင်းမှာ ထိခိုက် ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရှိရသည်။

ထိုပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ အမ် ၂၂ ကျည်ခွံ (၂)ခု တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူ မောင်အာကာလင်းဗိုလ်နှင့် ရာအိမ်မှူး ဦးသိန်းဝင်း၊ ဒဏ်ရာရရှိသူ ကျော်စိုးသန့် အား ကွမ်းခြံကုန်းပြည်သူ့ဆေးရုံသို့ ကနဦး ပို့ဆောင်ထားရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews/21988?single

PAN