မူးယစ်ဆေးဖြတ်မည့်သူများအတွက် ဂေဟာ မေလတွင် ဖွင့်လှစ်ကုသပေးမည်

(ပြည်တွင်း) ဧပြီ ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဘဝသစ်ပြန်လည်ထူထောင်ရေးဂေဟာ (Prat NNan Gawgap Ginra)တွင် မူးယစ်ဆေးဖြတ်ကုသမှု ခံယူလိုသူတွေအတွက် အမှတ်စဉ် ၂၄ ကို လာမယ့်မေလမှာ ဖွင့်လှစ်ကုသပေးမည်ဖြစ်ကြောင်း ယင်းဂေဟာထံက သိရပါတယ်။

အမှတ်စဉ် ၂၄ တွင် ကုသမှုခံယူနိုင်မည့်ကာလမှာ   (၁၃ / ၅/၂၀၂၄) ရက်နေ့မှ ( ၂၆ /၈/၂၀၂၄) ရက်နေ့ အထိဖြစ်ပြီး အချိန် သုံးလတာကြာမြင့်မည်ဖြစ်ကာ ဘဝသစ် ပြန်လည်ထူထောင်ရေးဂေဟာကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက် အမှတ် (၂ )တွင် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ၁၈နှစ်ပြည့်ပြီးသူ အမျိုးသား/အမျိုးသမီးမရွေးကုသပေးမည်ဖြစ်သော်လည်း လူဦးရေအကန့်အသတ်စနစ်ဖြင့် သတ်မှတ်ရက်အတွင်း ကြိုတင်စာရင်းပေးနိူင်မှလက်ခံကုသပေးမည်ဟုလည်း သိရှိရပါတယ်။

လူမျိုး၊ ဘာသာ မရွေး လာရောက်ကုသခံယူနိုင်ပြီး အသေးစိတ်အချက်အလက်မျာစုံစမ်းရန် မြစ်ကြီးနား ဘုန်းတော်ကြီးတပိုင် ကက်သလစ်သာသနာက ဦးစီးဖွင့်လှစ်ထားသည့် ဘဝသစ်ပြန်လည်ထူထောင်ရေး (Prat NNan Gawgap Ginra)  ရုံး ဖုန်းနံပါတ် ၀၉- ၂၅၂ ၅၄၇ ၅၀၃ အပြင် တာဝန်ခံဆရာ ဖုန်း ၀၉- ၇၉၁ ၇၉၇ ၇၉၃ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

ဘဝသစ်ပြန်လည်ထူထောင်ရေးဂေဟာ (Prat NNan Gawgap Ginra)တွင် မူးယစ်ဆေးဖြတ်ကုသမှု ခံယူလိုသူတွေအတွက် အမှတ်စဉ် ၂၄ ကို လာမယ့်မေလမှာ ဖွင့်လှစ်ကုသပေးမည့် သတင်းသည် လက်ရှိအချိန်တွင် မြစ်ကြီးနားမြို့နေဒေသခံများအကြားတွင် စိတ်၀င်စားမှုများပြားနေကြောင်း သိရသည်။

#PAN