ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်မည်မဟုတ်ဟု ရှရှားပြော

ဧပြီ ၂၀

     ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်မည်မဟုတ်ကြောင်း ရုရှား နိုင်ငံ ခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ် က ဧပြီလ ၁၉ ရက်တွင် ပြောသည်။

      ယူကရိန်းအစိုးရသည် ၎င်းတို့၏ ကတိကဝတ်ကိုလိုက်နာမည်ဟု ရှရှားက ယုံကြည်မှုမရှိကြောင်း၊ အကယ်၍ ရုရှားနှင့်ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ကျင်းပနေလျှင်ပင် ရုရှားက အပစ်အခတ်ရပ်စဲမည်မဟုတ်ကြောင်း လက်ရော့ဗ် က ရုရှားမီဒီယားတစ်ခုနှင့် လုပ်ဆောင်သည့် တွေ့ဆုံမေး မြန်းခန်း၌ ပြောခြင်းဖြစ်သည်။

    ထို့အပြင် ရုရှားအစိုးရသည် အပစ်အခတ်ရပ်စဲရေးဆွေးနွေးရန် အသင့်အနေအထားရှိခဲ့ပြီးဖြစ်သော် လည်း ယူကရိန်းအစိုးရသည် ယုံကြည်ရသည့် အဖွဲ့အစည်းတစ်ခုမဟုတ်ကြောင်းကို သက်သေပြခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် တိုက် ခိုက်မှုများကို ဆက် လက်လုပ်ဆောင်မည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

       ရုရှားနှင့်ယူကရိန်းနိုင်ငံတို့သည် ၂၀၂၂ ခုနှစ် မတ် လနှောင်းပိုင်းတွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ဆွေးနွေးပွဲများကျင်းပခဲ့ပြီး နောက်ပိုင်းမှစ၍ နှစ်နိုင်ငံကြား တိုက်ရိုက်ဆွေးနွေးမှုများ ပြန် လည်ကျင်းပနိုင်ခြင်းမရှိ သေးကြောင်း သိရသည်။ အစ္စတန်ဘူလ်ဆွေး နွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်ကို ကြိုဆိုသည့်အနေဖြင့် ရုရှား အစိုး ရက ၎င်းတို့၏တပ်များကို ကိယက်ဗ်မြို့ ဆင်ခြေ ဖုံးအရပ်မှ ပြန်လည်ရုပ်သိမ်းပေးရန် ကနဦးပြောကြားခဲ့ သော်လည်း နောက်ပိုင်းတွင် ယူကရိန်းအစိုးရသည် တူကီယဲနိုင်ငံတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲမှရလဒ်များကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့ကြောင်းသိရသည်။

#PAN