တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာ သုသာန်၌ မေတ္တာပို့ဆုတောင်းပွဲပြုလုပ်နေ သည့်နေရာသို့ PDF အကြမ်းဖက်သမားများက လက်နက် ငယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ၁ ပါး ထိခိုက်ဒဏ်ရာရရှိ


(ပြည်တွင်း)ဧပြီ ၁၉

ယမန်နေ့နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်း ကျေးရွာ သုသာန်၌ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများက သံဃာတော် ၄ ပါး ပင့်ဖိတ်၍ မေတ္တာပို့ဆုတောင်းပွဲပြုလုပ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦးက မော်တော်ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဝါးသုံးပြူးကျေးရွာ၊ သီရိမာလာ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဝံသ၊ သက်တော် ၇၃ နှစ်၊ ဝါတော် ၂၂ ဝါနှင့် ထောက်ကြံ့ကွင်းကျေးရွာ၊ အောင်မြေသာသနာ ကျောင်း တိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ကုန္ဒလဇောတိ၊ သက်တော် ၄၅ နှစ်၊ ဝါတော် ၂၅ ဝါတို့တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး သီရိမာလာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညာဝံသ သည် ရရှိဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဆရာတော်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက တောင်တွင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေ လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ သံဃာတော်များအား အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

NUG ၊ CRPH အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသအချို့၌ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်ကြသည့် ပြည်သူအချို့အား အကြောင်းပြချက် အမျိုးမျိုးဖြင့် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ ကျူးလွန်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ဆည်းကပ်ရာဖြစ်သော သံဃာတော်များကိုပါ လုပ်ကြံသတ်ဖြတ် သည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြသည်။

Website Link>>…
https://positiveanglenews.com/2024/04/19/ဘူးသီးတောင်မြို့နယ်၊-အမ/

VK Link>>…
https://vk.com/wall-220066330_6029

Telegram Link>>…
https://t.me/positiveanglenews/21820

PAN