အီရန်နိုင်ငံအား အစ္စရေး ၏ မည်သည့်လက်တုံ့ ပြန် တိုက်ခိုက်မှုမျိုးတွင်မဆို အမေရိကန်ပါဝင်မည် မဟုတ်ဟု ဆို

ဧပြီ ၁၆

      အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏အစိုးရအဖွဲ့အကြီးတန်း တာဝန်ရှိသူတစ်ဦးက အမေရိကန်ပြည် ထောင်စု အနေဖြင့် အီရန်နိုင်ငံအား အစ္စရေး၏ မည်သည့်လက်တုံ့ပြန်တိုက်ခိုက်မှုမျိုးတွင်မဆို ပါဝင်သွားမည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။

       အစ္စရေးသည် မိမိကိုယ်ကို ခုခံကာကွယ်ရန် လုပ် ဆောင်နေကြောင်း ၎င်းက ဧပြီလ ၁၄ ရက်တွင် သတင်းထောက်များအား ပြောသည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စုက အစ္စရေး၏ ခုခံကာကွယ်ရေးတွင် ကူညီပေးသွားမည်ဖြစ်ကြောင်း ဧပြီလ ၁၃ ရက်က တယ်လီဖုန်း ဆက်သွယ်ပြောကြားရာ၌ သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ကို ပြောကြားခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

      သို့သော်လည်း ပဋိပက္ခဖြစ်ပွားမှု တင်းမာလာနိုင်သော အန္တရာယ်များကို လေးလေးနက်နက်နှင့် ဗျူဟာ ကျကျ စဉ်းစားသင့်ကြောင်း သမ္မတဂျိုးဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို ပြောကြားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ ဒေသတွင်းရှိ အမေရိကန် တပ်လှန့် သတိပေးလေယာဉ်များသည် ဒရုန်း ၇၀ ကျော်ကို ပစ်ချနိုင်ခဲ့ကြောင်းနှင့် အမေရိကန်စစ်တပ်၏ ပက်ထရီယော့ လေကြောင်းရန် ကာကွယ် ရေးစနစ်က အစ္စရေးသို့ ဦးတည်လာသော ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ကြားဖြတ်ပစ်ချဟန့်တားနိုင်ခဲ့ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရ အဖွဲ့ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောသည်ဟု NHK သတင်းဌာနတွင် ဖော်ပြထား သည်။

#PAN