စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း မေလတွင် ရာထူးမှ နုတ်ထွက်ပြီး ဆက်ခံသူအား အပြည့်အဝ ထောက်ခံရန် တောင်းဆို

ဧပြီ ၁၆

      ဝန်ကြီးချုပ်ရုံး (ပီအပ်အို)၏ ဧပြီလ ၁၅ ရက်ထုတ်ပြန်ချက်တွင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက လာမည့် မေလ ၁၅ ရက်တွင် ရာထူးမှအနားယူမည်ဟု ပြောကြားလိုက်ကြောင်း ဖော်ပြထားသည်။ လီရှန်လွန်း က ၎င်း၏နေရာကို ဆက်ခံရန် ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး လောရင့်စ်ဝေါင်ကို ခန့်အပ်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတအား တရားဝင်အကြံ ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ဝေါင် သည် အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီအဖွဲ့ဝင်များ၏ တညီတညွတ်တည်း ထောက်ခံမှုရရှိထားသူဖြစ် ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

       ဝန်ကြီးချုပ်အသစ်ကို စင်ကာပူသမ္မတ နန်းတော်အစ္စတာနာ၌ လာမည့် မေလ ၁၅ ရက် ည ၈ နာရီတွင် ကျမ်းသစ္စာကျိန်ဆိုသွားဖွယ် ရှိသည်။ ပီအမ်အို က ကြေညာချက်ထုတ်ပြန်ပြီးနောက် လူမှုကွန်ရက်တွင် လီရှန် လွန်း က လောရင့်စ်ဝေါင်နှင့် စတုတ္ထမျိုးဆက်ခေါင်းဆောင်မှုအဖွဲ့ (4Gteam) ကို ပံ့ပိုးကူညီရေးနှင့် ပတ်သက်ပြီး စင်ကာပူနိုင်ငံသားများကို တောင်းဆိုထားသည်။

        လောရင့်စ်နှင့် 4G team သည် ကပ်ရောဂါကာလ အတွင်း ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိရန် သိသိသာသာ ကြိုးပမ်းအားထုတ်ခဲ့ကြောင်း သိရသည်။ လော့ရင့်စ် နှင့် ၎င်း၏အဖွဲ့ကို အလုံးစုံပံ့ပိုးမှုပေးရန်နှင့် စင်ကာပူနိုင်ငံအတွက် တောက်ပသည့်အနာဂတ်ဖန်တီးရန် ၎င်းတို့နှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် စင်ကာပူနိုင်ငံသားများအား လီရှန်လွန်းက တောင်းဆိုထားသည်။ လီရှန်လွန်း သည် ဝန်ကြီးချုပ်အဖြစ် အာဏာလွှဲပြောင်း‌ပေးရန် ၎င်း၏ရည်ရွယ်ချက်ကို ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ထုတ်ပြန် ကြေညာထားသည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထား သည်။

#PAN