အိုးထရက်ဖိုဒ်ကို ပြန်လာဖိုရှိနေတဲ့ ဂရင်းဝုဒ်


ဧပြီ ၁၄

ဂီတာဖေးအသင်းထံသို အငှားချထားတဲ့ မေဆင်ဂရင်းဝုဒ် ဟာ ရာသီကုန်ရင် မန်ယူအသင်းဆီ ပြန်လာဖို့ ရှိတယ်လို့ သတင်းတွေကဖော်ပြ‌နေကြပါတယ်။

ဂရင်းဝုဒ် ကို မန်ယူအသင်းအနေနဲ့ လာမယ့်နွေရာသီမှာ ရောင်းထုတ်ဖို့အတွက် အခွင့်အရေးရှိနေသလို စာချုပ်သစ်ချုပ်ပြီး အိုးထရက်ဖိုဒ်ကို ပြန်ခေါ်ဖို့အတွက်လည်း ရွေးချယ်ခွင့် ရှိနေပါတယ်။

ဂရင်းဝုဒ် ဟာ လာလီဂါမှာ ၂၅ ပွဲကစား ၆ ဂိုးသွင်း ၅ ဂိုးဖန်တီးပေးထားပြီး သူ့ရဲ့ခြေစွမ်းကို ကလပ်အသင်းကြီး တွေဖြစ်တဲ့ ဘာစီလိုနာ၊ အက်သလက်တီကိုနဲ့ ဂျူဗင်တပ် စတဲ့အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

မန်ယူအသင်းရဲ့ ရှယ်ယာပိုင်ရှင်ဖြစ်လာတဲ့ ဆာဂျင်မ်ရက်ကလစ် ကတော့ ဂရင်းဝုဒ် ကို စာချုပ်သက်တမ်းတိုးပြီး အသင်းဆီ ပြန်လည်ခေါ်ယူဖို့ ဆုံးဖြတ်ချက်ကို မကြာခင်မှာ ပြုလုပ်သွားဖွယ်ရှိနေပါတယ်။

Telegram Link>>…
https://t.me/positiveanglenews/21691

PAN