တစ်လကျော်ကာလအတွင်း ဗဟိုဘဏ်မှ Money Changer ၄၈ ခုကိုအရေးယူထား


ဧပြီ ၁၄

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပါအချက်များကို လိုက်နာမှုမရှိသည့် Money Changer ၁၉ ခုကို ထပ်မံ အရေးယူထားကြောင်း ဗဟိုဘဏ်က ထုတ်ပြန် ထားပါတယ်။

နိုင်ငံခြားငွေဈေးကွက်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်အတွက် Money Changer များကို ရှောင်တခင်ဝင်ရောက် စစ်ဆေးလျက်ရှိကာ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပါအချက်များကို လိုက်နာမှုမရှိသည့် Money Changer ၁၉ ခုကို ဧပြီလ ၁၂ ရက်တွင် ထပ်မံအရေးယူခဲ့ကြောင်း ထုတ်ပြန် ထားပါတယ်။

အဆိုပါ Money Changer ၁၉ ခုမှာ Air Than Lwin၊ Albert Brothers၊ Dagon Win Win၊ Emerald Rose Garden၊ Gran Andaman၊ Grumman Investment Holding၊ Mahar Bawga Money Exchange၊ Mann Yadanarpon Airlines၊ Min Myanmar Chit Khant Family Services၊ Myanmar Hotels International၊ New Dawn၊ Safe Net Union၊ Shwe Nay La Win၊ Smile World၊ Taw Win San Htar Hotel၊ Yadana Sein Win Win၊ Yadana Shwe Pyi၊ Yoe Yoe Yin Yin စသည့် Money Changer ကုမ္ပဏီနှင့်လုပ်ငန်း ၁၈ ခုအား လိုင်စင် ခြောက်လဆိုင်းငံ့ခြင်းနှင့် Shwe Khaing Toe Co., Ltd ၏ Money Changer လိုင်စင်အား ရုပ်သိမ်းခဲ့ခြင်းဖြစ်ပါတယ်။

ဗဟိုဘဏ်အနေဖြင့် Money Changer ၁၉ ခုကိုထပ်မံအရေးယူထားပြီး တစ်လကျော်အတွင်း Money Changer ၄၈ ခုအထိ အရေးယူထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ချက်အရ သိရပါတယ်။

Telegram Link>>…
https://t.me/positiveanglenews/21688

PAN