ဧပြီ ၉
အဲဗာတန်အသင်းသည် (၂) မှတ်လျှော့ပြစ်ဒဏ် ထပ်မံချမှတ်ခံရသဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် စုစုပေါင်း(၈)မှတ်လျှော့ပြစ်ဒဏ်ဖြင့် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရပါတယ်။
အဲဗာတန်အသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းအတွင် (၁၀)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး အယူခံဝင်ရာတွင် အောင်မြင်ခဲ့သောကြောင့် (၆)မှတ်လျှော့ပြစ်ဒဏ်အဖြစ် လျှော့ချပေးခြင်းခံခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ ၃ နှစ် အတွင်းမှာ ပေါင် ၁၀၅ သန်းသာ အရှုံးပြခွင့်ရှိပေမဲ့ ပေါင် ၁၆ ဒသမ၆ သန်း ကျော်လွန်ပြီး အရှုံးပေါ်ခဲ့တာကြောင့် နှစ်မှတ်လျှော့ပြစ်ဒဏ် ထပ်မံ ချမှတ်ခဲ့ပါတယ်။
အဲဗာတန်အသင်းသည် ပုံမှန်အတိုင်းဆိုပါက အမှတ်(၃၅)မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၁၄)နေရာတွင် ရပ်တည်နေမည်ဖြစ်သော်လည်း အဆိုပါ ပြစ်ဒဏ်ကြောင့် အဆင့် ၁၆ နေရာအထိ ကျဆင်းသွားခဲ့ပြီး တန်းဆင်းဇုန်နဲ့ နှစ်မှတ်သာ ကွာဟသွားကြောင်း သိရပါတယ်။