ချာလက်စတန်အိုးပင်း ဆီမီးဖိုင်နယ်အဆင့်ကို ကောလင်းစ် တက်ရောက်


(နိုင်ငံတကာ) ဧပြီ ၇

ချာလက်စတန်အိုးပင်း ဆီမီးဖိုင်နယ်အဆင့်ကို ကောလင်းစ် တက်ရောက်


(နိုင်ငံတကာ) ဧပြီ ၇

ချာလက်စတန် အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ အမေရိကန်တင်းနစ်မယ် ကောလင်းစ်ဟာ ဆီမီးဖိုင်နယ် ကို တက်ရောက်သွားပါတယ်။

ကွာတားဖိုင်နယ်အဆင့်မှာ ကောလင်းစ်နဲ့ ဆီဒင်အဆင့်-၁၁ ရှိသူ ဘယ်လ်ဂျီယံတင်းနစ်မယ် မာတန်းစ် တို ဆုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မိုင်ယာမီအိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူထားနိုင်ခဲ့တဲ့ ကောလင်းစ် ဟာ အခု ပြိုင်ပွဲမှာ ဆီဒင် အဆင့် သတ်မှတ်တာ မခံရပေမယ့် ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခု ကွာတားဖိုင်နယ်ပွဲမှာ လည်း မာတန်းစ် ကို ပွဲကစားချိန် ၁ နာရီခွဲ နီးပါးကစားခဲ့ကာ ၆း၃၊ ၆း၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်‌ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကောလင်းစ်အတွက်တော့ အခုနိုင်ပွဲက ၁၁ ပွဲဆက်အနိုင်ရလဒ်ဖြစ်ပြီး ကစားသမားဘဝ နိုင်ပွဲဆက်မှု အများဆုံးလည်း ဖြစ်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာတော့ ကောလင်းစ်ဟာ ဆီဒင်အဆင့်-၃ ရထားတဲ့ ဂရိတင်းနစ်မယ် ဆက်ကာရီနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

PAN