ဟားမတ်စ်သည် နောက်ဆုံး ဓားစာခံ သဘောတူညီချက် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ကိုင်ရို ထိပ်သီးအစည်းအဝေးမှ နုတ်ထွက်မည်ဟုအစ္စရေးကို ခြိမ်းခြောက်


(နိုင်ငံတကာ) ဧပြီ ၇

ဟားမတ်စ်သည် နောက်ဆုံး ဓားစာခံ သဘောတူညီချက် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ကိုင်ရို ထိပ်သီးအစည်းအဝေးမှ နုတ်ထွက်မည်ဟုအစ္စရေးကို ခြိမ်းခြောက်


(နိုင်ငံတကာ) ဧပြီ ၇

ဟားမတ်စ်သည် တိုက်ပွဲများရပ်တန့်ရန်နှင့်ဓားစာခံများလွှတ်ပေးရန် အစ္စရေး၏နောက်ဆုံးအဆိုပြုချက်ကို ပယ်ချခဲ့ကာ အမည်မဖော်လိုသော သံတမန် တစ်ဦး၏ ပြောကြားချက်အရ “သူတို့ ငြင်းဆိုခဲ့ပြီး၎င်းတို့၏ တောင်းဆိုချက်များကို ပြန်လည်ဖြေကြားခြင်း တစ်စုံတစ်ရာ မပါဝင်ဟု အခိုင်အမာ ပြောကြားခဲ့သည်” ဟု CNN က ၅.၄.၂ဝ၂၄ရက်၊ သောကြာနေ့ညပိုင်း သတင်းတွင် ဖော်ပြခဲ့သည်။

သံတမန်၏အဆိုအရ ဟားမတ်စ်က “အစ္စရေးအဆိုပြုချက်တွင် အသစ်အဆန်းများမပါဝင်ဟု ဟားမတ်စ်မှယုံကြည်သောကြောင့် ၎င်းတို့၏ အဆိုပြုချက် အားပြောင်းလဲရန် မလိုအပ်ဟု ၎င်းတို့က ယူဆသည်” ဟုအရာရှိက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်လက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အရ စေ့စပ်ညှိနှိုင်းမှုများသည် ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးဆီသို့ ဦးတည် သွားမည်ဖြစ်ပြီး၊ အီဂျစ်၊ ကာတာနှင့် အမေရိကန်တို့မှ ကြားဝင်ဖျန်ဖြေသူများသည် အောက်တိုဘာလတွင် ပဋိပက္ခဖြစ်ပွားပြီးကတည်းကသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ကြိုးစားခဲ့ကြကြောင်း သိရသည်။

စေ့စပ်ညှိနှိုင်းသူများသည် ခြောက်ပတ်ကြာအပစ်အခတ်ရပ်စဲရေးနှင့် အဆင့်သုံးဆင့် မူဘောင်တစ်ရပ်ကို ပါလက်စတိုင်းအကျဉ်းသားများ လွှတ်ပေးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ တိုးမြှင့်ပေးရေးတို့အတွက် အပြန်အလှန်အားဖြင့် ဖျားနာ၊ သက်ကြီးရွယ်အိုများနှင့် ဒဏ်ရာရရှိ ထားသော ဓားစာခံများကို လွှတ်ပေးရန် မျှော်လင့်ထားကြသည်။

ဤအကျော့သည် ပိုမိုအလားအလာကောင်းသည်ဟု ထင်ရသော်လည်းအဆုံးတွင် ဟားမတ်စ်က အဓိကတောင်းဆိုချက် မြောက်ပိုင်းသို့ ဂါဇန်များကို ကန့်သတ်မထားဘဲ ပြန်ပို့ရန်နှင့်IDF တပ်ဖွဲ့များ ဆုတ်ခွာပေးရန် နှစ်ခုကိုတောင်းဆိုခဲ့ပြီး အစ္စရေးက သဘောတူခြင်းမရှိပါက ဆက်လက်ညှိနှိုင်းရန် ငြင်းဆို ခဲ့ကြောင်း သိရသည်။

CIA ညွှန်ကြားရေးမှူးWilliam Burns၊ Mossad ညွှန်ကြားရေးမှူး DavidBarnea နှင့် Shin Bet ညွှန်ကြားရေးမှူး RonenBar တို့သည် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများဆက်လက်ပြုလုပ်ရန် ယခုသီတင်းပတ်ကုန်တွင် အီဂျစ်တွင် တွေ့ဆုံရန် မျှော်လင့်ရကြောင်းသိရသည်။

သို့သော်လည်း ဟားမတ်စ်၏ နောက်ဆုံး ပယ်ချမှုကြောင့်အစ္စရေး တာဝန်ရှိသူများသည် စေ့စပ်ညှိနှိုင်းမှုများဆက်လက်လုပ်ဆောင်ရန် အချက်တစုံတရာ ရှိမရှိကို လူသိရှင်ကြား တွေးတောစေခဲ့ကြောင်း လူထုရုပ်သံ KAN11 ၏ အစီရင်ခံစာအရ သိရသည်။

၎င်းတို့သုံးဦးသည် ပြီးခဲ့သည့်လက ဒိုဟာတွင်ဖျန်ဖြေသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်းပြတ်ပြတ်သားသား အောင်မြင်မှုမရရှိခဲ့ပါ။

အစ္စရေးသည် အီဂျစ်နှင့် ကာတာနှစ်နိုင်ငံစလုံးအားဟားမတ်စ်အဖွဲ့အား ဖိအားပေးရန် တွန်းအားပေး၍ကိုင်ရို စေ့စပ်ညှိနှိုင်းမှုမှ အပြည့်အဝ နှုတ်ထွက် ရန်ခြိမ်းခြောက်မှုများ ရှိနေခဲ့ပြီး စစ်ပွဲစတင်ကတည်းကဂါဇာသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပိုမိုခွင့်ပြုရန် ဖိအားပေးမှုများ ခံနေရသည်။

ထို့ပြင် ပြည်ပအကူအညီပေးရေး လုပ်သား ၇ ဦး အသတ်ခံရပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်တွင် ဖိအားများ တိုးမြင့်လာခဲ့ပြီး အကူအညီပေးရေးအဖွဲ့ အစည်း၏ ဝန်ဆောင်မှုများကို ရုပ်သိမ်းခဲ့သည်။

ဖိအားများကြောင့် အစ္စရေးသည် အောက်တိုဘာ ၇ ရက်က တိုက်ခိုက်ခံရပြီးနောက်ပိုင်းဆုံးအကြိမ် Erez ဖြတ်ကူးမှုကို ပြန်လည်ဖွင့်လှစ်၍ ပို့ဆောင် ကူညီရန်အတွက် Ashdod ရှိ ဆိပ်ကမ်းကိုဖွင့်လှစ်ကာ Kerem Shalom ဖြတ်ကျော်မှုကို ဖွင့်လှစ်ခဲ့ရကြောင်းသိရသည်။

ဂါဇာကမ်းမြှောင်ကို အစ္စရေးပိုင်နက်ဖြတ်ပြီး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ သယ်ဆောင်လာသည့် ဂျော်ဒန်စစ်တပ် ထရပ်ကားတွေ ဝင်ရောက်မှုအား အစိုးရအဖွဲ့အတည်ပြုခဲ့ကြောင်း သိရသည်။

PAN