ပြည်သူသတင်းပေးမှုကြောင့် ရန်ကုန် မော်လမြိုင်ရထားလမ်းကိုခွဲမည့်မိုင်းကို အချိန်မှီဖော်ထုတ်နိုင်ခဲ့


(ပြည်တွင်း)ဧပြီ ၆


ရထားလမ်းမှာ မိုင်းထောင်ထားသည့်မိုင်းကို ဒေသခံတွေက တွေ့ခဲ့ကြတဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့များက အချိန်မှီ သွားရောက်ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။

မွန်ပြည်နယ် သထုံမြို့နယ် တောင်စွန်းကျေးရွာနှင့် ကမာဆိုင်ကျေးရွာကြားရှိ ရန်ကုန် – မော်လမြိုင်ရထားလမ်းတွင် ထောင်ထားသည့် အဝေးထိန်းမိုင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။
ဧပြီ ၅ ရက် ယမန်နေ့  နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က  ကမာဆိုင်ကျေးရွာ နှင့် တောင်စွန်ကျေးရွာကြား ၊ ရထားလမ်းမိုင်တိုင်အမှတ် (၇၄) နှင့် (၇၅) ကြားရှိ မီးရထားလမ်း ချောင်းကူးတံတားတွင် ထောင်ထားသည့် အဝေးထိန်း အချိန်ကိုက်မိုင်းအား ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

အဝေးထိန်း မိုင်းအား ဖယ်ရှား ရှင်းလင်း ခဲ့ရာတွင် အဝါရောင်ပုံးနှင့် အပြည့်ထည့်ထားသည့် Ammonium Nitrate များနှင့် TNT ယမ်းအားပြင်း နှစ်ထုပ်၊ ယမ်းကြိုးခွေများ၊ ဓါတ်ခဲများနှင့် အဝေးမှ ဖောက်ခွဲဖျက်ဆီးမည့် လမ်းလျှောက်စကားပြောစက် တစ်လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သက်ဆိုင်ရာမှ ထိုအဝေးထိန်းမိုင်းအား အသက်မဲ့အောင်ပြုလုပ်ပြီးနောက် သိမ်းဆည်းသွားခဲ့ကြောင်းလည်း သိရသည်။

#PAN