(ပြည်တွင်း) ဧပြီ ၆
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာရှိစစ်တပ်စခန်းကို အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့် KIA/PDF အဖွဲ့များက ယမန်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဧပြီလ ၅ ရက်နေ့ည ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဝူယန်ကျေးရွာသို့သွားသည့်လမ်းအား ခေတ္တပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ယမန်နေ့ည ထိတွေ့တိုက်ပွဲကြောင့် နှစ်ဘက်တပ်ဖွဲ့များ ထိခိုက်သေဆုံးမှု ရှိ ၊ မရှိကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။
ကချင်ပြည်နယ်၊မိုးမောက်မြို့နယ် ကျောက်စခန်းရွာအနီးတွင် တပ်မတော်နှင့် အကြမ်းဖက်သောင်းကျန်းသူ KIA /PDF တို့ကြားတွင် ဧပြီ ၄ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ည ၈ နာရီအချိန်တွင်လည်း ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး ၂ ရက်ကြာသည့် တိုက်ပွဲကြားတွင် ပိတ်မိနေခဲ့သည့် ဒေသခံပြည်သူများမှာ ယင်းနေ့ နံနက်ပိုင်းက ကျေးရွာအတွင်းမှ ထွက်ခွာနိုင်ခဲ့ ဒေသခံများထံမှသိရသည်။
PAN