မဟာအောင်မြေလဝကရုံးတွင် လက်လုပ်မိုင်း(၁) လုံးပစ်ပေါက်ခံမှုကြောင့် နှစ်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရရှိ


(ပြည်တွင်း) ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၊ချမ်းမြသာယာရပ်ကွက်၊ကျွဲဆည်ကန်(၁)လမ်းနှင့်ရန်-မန်း(၁)လမ်းထောင့်ရှိ မဟာအောင်မြေလဝကရုံးတွင် ယနေ့မွန်းတည့် ၁၂နာရီခွဲအချိန်ခန့်က ကျွဲဆည်ကန်(၁)လမ်းအတိုင်းအနောက်မှအရှေ့သို့ ကျား(၂)ဦး မောင်းနှင်လာသော ရုပ်ဆိုးဆိုင်ကယ်အမျိုးအစားပေါ်မှ လက်လုပ်မိုင်း(၁) လုံးပစ်ပေါက်ခဲ့မှုကြောင့် လူ(၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ပြီး၊၂ ဦးမှာ သေဆုံးသွားကြောင်းသိရသည်။

အဆိုပါ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒုလဝကမှူး သော်ဇင်ဖြိုး ၃၀ နှစ်၊(ဘ)ဦးအောင်ကျော်ဝင်း၊ ဝန်းနေသူတွင် ယာခြေထောက်ဒဏ်ရာ၊ဝဲဘက်လက်မ မိုင်းစထိ၊ဝဲဘက်ပါး မိုင်းစ ထိမှန်၊(မစိုးရိမ်ရ)၊ဦးပြည့်ဖြိုး၂၁နှစ်၊(ဘ)ဦးမင်းစိုးတွင် ခြေထောက်ဒဏ်ရာ(မစိုးရိမ်)၊ဦးပြည့်ဖြိုးဇင် ၂၁နှစ်၊(ဘ)ဦးအောင်မရွှေတွင် ​ယာခြေ ထောက် မိုင်းစ ထိမှန်၊ဝဲဘက်ဝဲပေါင် မိုင်းစထိမှန်၊​(မစိုးရိမ်ရ)၊ဒေါ်ဆင့်ဆင့် ၅၈နှစ်၊(ဘ)ဦးတက်တိုးတွင် ဝဲဘက်ပေါင် တင်ပါး မိုင်းစထိမှန်(မစိုးရိမ်ရ)၊ဦးသိရိ ၅၆နှစ်၊(ဘ)ဦးသန့်ဇင်တွင် ဝဲ/ယာ ခြေသလုံး မိုင်းစ ထိမှန်(မစိုးရိမ်ရ)၊ဦးတင်အောင်ထွေး ၄၆နှစ်(ဘ)ဦးဟန်သိန်းတွင် ယာပါးမိုင်းစထိမှန်၊ဝဲဘက်ခြေသလုံး မိုင်းစထိမှန်(မစိုးရိမ်ရ)၊မဇင်ဇင်ငယ် ၂၈နှစ်၊(ဘ)ဦးဘဌေး၊ တွင် ခြေထောက်မိုင်းစထိမှန်(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊သေဆုံးသူမှာ မနီနီဝင်းမောင် ၂၅နှစ်၊ဦးဝင်မောင်၊ မြသီတာရပ်ကွက်၊ဟိုပင်မြို့ နေသူမှာ ဦးခေါင်းနောက်စေ့မိုင်စထိမှန်(သေဆုံး)နှင့်ဦးမောင်စွဲရစ်အောင် ၂၅နှစ်၊(ဘ)ဦးနေမျိုး၊အမှတ် ၁၃ ရပ်ကွက်၊မြင်းခြံမြို့နေသူမှာ ဦးခေါင်းနောက်စေ့ မိုင်းစထိမှန် သေဆုံးသွားကြောင်း သိရသည်။

ကျူးလွန်သူ တရားခံများအား ဖမ်းဆီးမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN

Telegram Link

https://t.me/positiveanglenews