ဘီးလင်းမြို့နယ် ရန်ကုန်-ရေး ယာဉ်လိုင်းပြေးဆွဲနေသည့် အောင်ကျော်မိုးယာဉ်လိုင်းမှ ခရီးသည်တင်မှန်လုံယာဉ် ၁ စီးကို အကြမ်းဖက်PDFအဖွဲ့မှ မိုင်ခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရ

ဧပြီ ၅
NLD ပါတီ၏ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများကို မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်လျှက်ရှိရာယမန်နေ့ ည ၉ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ရွှေရောင်ပြကျေးရွာ၊ ရန်ကုန်- မော်လမြိုင် ပြည်ထောင်စုကားလမ်းပိုင်းပေါ်တွင် ခရီးသည် မှန်လုံယာဉ် ၁ စီးကို အကြမ်းဖက်PDFအဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခြင်းခံရကြောင်းသိရသည်။

အဆိုပါ ခရီးသည်မှန်လုံယာဉ်ကို မိုင်တိုင်အမှတ် ၁၃၁/၁ နှင့် ၁၃၁/၂ အကြား သထုံဘက်မှဘီးလင်းဘက်သို့ ယာဉ်မောင်း ဇေယျာလင်း၊ ၃၈နှစ်၊ (ဘ)ဦးတင်သိန်း၊ ၁၂/ သလန (နိုင်) ၀၉၆၅၈၄ ၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကျိုက်အင်းကျေးရွာ၊ သံလျင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူမှ မောင်းနှင်လာသည့် ယာဉ်အမှတ် – 3N-1596၊ ယာဉ်လိုင်းအမည် အောင်ကျော်မိုး၊ ရန်ကုန်-ရေး ယာဉ်လိုင်းပြေးဆွဲနေသည့် ခရီးသည်တင်မှန်လုံယာဉ်ကို သောင်းကြမ်းသူအကြမ်းဖက်PDFအဖွဲ့ (စိစစ်ဆဲ)မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခြင်းခံရကြောင်း သိရသည်။

အဆိုပါယာဉ် မိုင်းခွဲခံရပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရမှု‌ကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသည့်ခရီးသည်များကို သထုံမြို့နယ်၊ လူမှုကူညီကယ်ဆယ်ရေးအသင်းပိုင်ယာဉ်ဖြင့် သထုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိပါကြောင်းသိရသည်။

#PAN

Telegram Link

https://t.me/positiveanglenews