
ဧပြီ ၄
ပြိုင်ဘက် ပေါ်တူဂီနိုင်ငံသားကို အလဲထိုးကာ ပူပူနွေးနွေးနိုင်ပွဲရထားသည့် မြန်မာ့လက်ဝှေ့အကျော်အမော် သံမဏိစိုးလင်းဦးနှင့် မွေထိုင်းအကျော်အမော် ဆက်ဆန်ခွမ်းမြူတို့ ပွဲတည်ပေးရန် ထိုင်းနိုင်ငံပရိတ်သတ်များက တောင်းဆိုနေကြကြောင်း သိရပါတယ်။
အသက်(၃၅)နှစ်အရွယ် ထိုင်းဖိုက်တာ ဆက်ဆန်ခွမ်းမြူသည် ONE ပွဲစဉ်တစ်လျှောက် (၈)ပွဲထိုးထားပြီး ရှုံးပွဲမရှိသည့်စံချိန်ကို ပိုင်ဆိုင်ထားပြီး၊ စိုးလင်းဦးအနေဖြင့်လည်း (၂)ပွဲထိုး ရှုံးပွဲမရှိ အနိုင်ရရှိထားသူတစ်ဦးဖြစ်ပါတယ်။
ထိုင်းပရိတ်သတ်များက ပွဲတည်ပေးဖို့ ချက်ထရီကို တောင်းဆိုနေကြပြီး သံမဏိစိုးလင်းဦးကလည်း ထိုင်းနဲ့ထိုးတိုင်း ရှုံးပွဲ မရှိသူဖြစ်ကြောင်း သိရပါတယ်။