ရွှေရောင်းဝယ်သူများလိုက်နာရမည့် “အဖိုးတန်သတ္တု (ရွှေ)ရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက်ကိုမလိုက်နာသည့် ရွှေဆိုင်အချို့ကို လုပ်ငန်းယာယီရပ်ဆိုင်း


(ပြည်တွင်း) ဧပြီ ၃

ရွှေရောင်းဝယ်သူများလိုက်နာရမည့် “အဖိုးတန်သတ္တု (ရွှေ)ရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက်ကိုမလိုက်နာသည့် ရွှေဆိုင်အချို့ကို လုပ်ငန်းယာယီရပ်ဆိုင်း


(ပြည်တွင်း) ဧပြီ ၃

အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ရေးအသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်မရှိခြင်းအပါအဝင် ရွှေရောင်းဝယ်သူများလိုက်နာရမည့် “အဖိုးတန်သတ္တု (ရွှေ)ရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက်” ကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးမှ မောင်ကိန်းရွှေဆိုင်၊ နယူးတိုင်စင်ရွှေဆိုင်၊ ခရမ်းသုံးခွရွှေဆိုင်နှင့် မန္တလေးတိုင်းဒေသကြီးမှရွှေစင်ဝင်းရွှေသန့်စင်လုပ်ငန်း ရွှေမင်းသား ရွှေလှော်ဖိုလုပ်ငန်း၊ မန်းစံပယ်ရွှေရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာရွှေရွှေဆိုင်လုပ်ငန်း အရေးယူ​ထားကြောင်း သိရသည်။

အဆိုပါ ရွှေဆိုင်များနှင့် ရွှေလုပ်ငန်းများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီတို့မှ ပူးပေါင်းအထူးစစ်ဆေးရေးအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ရွှေဆိုင်များကို (၂-၄-၂၀၂၄) ရက်နေ့မှစ၍ အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ရေးအသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်း မပြုရန် သတိပေးမှတ်တမ်းတင် လက်မှတ်ရေးထိုးစေခြင်း၊ လုပ်ငန်းယာယီရပ်ဆိုင်းခြင်းအပါအဝင် လိုအပ်သည့်အရေးယူမှုများကို သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးဖြစ်သည်ဟု ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီထံမှသိရသည်။

အလားတူ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီသည် ရွှေဈေးနှုန်းများကို ဈေးကစားပြီး ပြည်သူလူထု စိုးရိမ်ပူပန်မှုဖြစ်စေရန် သတင်းထုတ်လွှင့်သူများ ကိုလည်းကောင်း၊ အရောင်းအဝယ်တကယ်မဖြစ်သည့် လေပတ်ကားရွှေဈေးနှုန်းများကို လူမှုကွန်ယက်မီဒီယာများတွင်ဖော်ပြပြီး ရွှေဈေးနှုန်း မငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်သူများကို လည်းကောင်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီအရေးယူနိုင်ရန် ကြီးကြပ်စစ်ဆေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာအစိုးရဌာနများ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

PAN