လာအို ပိုကုန်သမားများကဲ့သို အခွင့်အရေးမရတဲ့အတွက် မြန်မာ့သစ်သီး ဈေးကွက်ပျောက်မည်ကို စိုးရိမ်နေ


ဧပြီ ၃

လာအို ပိုကုန်သမားများကဲ့သို အခွင့်အရေးမရတဲ့အတွက် မြန်မာ့သစ်သီး ဈေးကွက်ပျောက်မည်ကို စိုးရိမ်နေ


ဧပြီ ၃

တရုတ်သို့ မြန်မာ့သစ်သီးများတင်ပို့ရာတွင် လာအို Exporter များကဲ့သို့ အခွင့်အရေးတန်းတူမရရှိတဲ့ အတွက် မြန်မာ့သစ်သီး ဈေးကွက်ဝေစုပျောက်မည်ကို စိုးရိမ်ကြောင်း သစ်သီးကုန်သည်များရဲ့ ပြောပြချက်အရ သိရပါတယ်။

မြန်မာသစ်သီးကုန်သည်များ လာအို-တရုတ်သစ်သီးကုန်သွယ်ရေး မိုဟန်(Mohan)သစ်သီးကွင်းသို့ သွားရောက်လေ့လာခဲ့ရာတွင် လာအိုတောင်သူများနှင့် မြန်မာတောင်သူများ တရုတ်ဖက်သို့ သစ်သီးတင်ပို့မှု ပုံသဏ္ဍန်ချင်း ထပ်တူနီးပါးတူညီမှုရှိသော်လည်း လက်ခံဝယ်ယူမှုစနစ်တွင် ကွဲပြားမှုအချို့ကို မြင်တွေ့ရကြောင်း သိရပါတယ်။

လာအိုတောင်သူများကိုယ်တိုင် တရုတ်ပြည်အတွင်းသို့ လာအိုနံပါတ်ပြားတပ် မော်တော်ယာဉ်များ တိုက်ရိုက်မောင်းဝင်ပြီး ရောင်းချနိုင်ခြင်း၊ ကြားခံပွဲရုံပွဲစားမလိုအပ်ဘဲ လာရောက်ရောင်းချနိုင်ပြီး တိုက်ရိုက်ငွေချေ ပေးခြင်း၊ အခွန်၊ ကွင်းကြေး၊ ကတ္တားကြေး စသည်ဖြင့် ငွေကြေးကောက်ခံမှုမရှိဘဲ ဝယ်လက် တရုတ်နိုင်ငံသားများ ထံတွင်သာ အလုံးစုံကောက်ခံကြောင်း သိရပါတယ်။

ဒါ့အပြင် မိုဟန်ဒေသသည် အထူးစီးပွားရေးဇုန်အဖြစ် ဖော်ဆောင်နေတဲ့ဒေသဖြစ်ပြီး နယ်စပ်ကုန်ထုတ် လမ်းများမှာ လာအို-တရုတ်အဝေးပြေး ၆ လမ်းသွားအဆင့်မြှင့်တင်ထားပြီး ဈေးကွက်အထိမရပ်မနားဘဲ လတ်ဆတ်စွာ တင်ပို့နိုင်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်ဘက်သို့ သစ်သီးများတင်ပို့ရာတွင် လက်ရှိအချိန်အထိ အစားထိုး ယာဉ်မောင်းစနစ်ဖြင့်သာ သွားလာနေရကြောင်း အစရှိတဲ့ အခက်အခဲများစွာ ရှိနေတာဖြစ်ပါတယ်။

PAN