ထိုင်းနိုင်ငံမှာ မနေ့က တစ်ရက်တည်း မြန်မာနိုင်ငံသား ၅၆ ဦး ဖမ်းဆီးခံရ

(နိုင်ငံတကာ) မတ် ၂၆

NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲမသမာမှုတွေအပြီး လက်နက်ကိုင်ပုန်ကန်မှုများ ယင်းတို့ကိုအားပေးရေးသားနေသည့် မီဒီယာများမှ ပြည်သူ့စစ့မှုထမ်းဥပဒေနှင့်ပတ်သက်သည့် သတင်းတုသတင်းမှားများထုတ်လွှင့်မှုကြောင့် မြန်မာနိုင်ငံသားလူငယ်များမှာ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့သည့်အတွက် နေ့စဥ်နှင့်အမျှ ဖမ်းဆီးထိန်းသိမ်းခြင်းများ ခံနေရကြောင်း သိရသည်။

မတ်လ ၂၅ ရက် တစ်ရက်တည်းမှာ စံခလဘူရီဒေသနှင့် မယ်လမတ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၅၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းဘက်မှလာသည့် သတင်းမျာယအရ သိရသည်။

မတ်လ ၂၅ ရက်နေ့ မနက် ၆ နာရီခွဲအချိန်ခန့်တွင် စံခလဘူရီဒေသအာဏာပိုင်များက မသင်္ကာဖွယ် ပစ်ကပ်ကားတစ်စီးကို လိုက်လံစစ်ဆေးရာမှ အမျိုးသား ၂၉ ဦးနှင့် အမျိုးသမီး ၁၅ ဦးပါဝင်သည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၄ ဦးကို ဖမ်းဆီးရမိခြင်းကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများမှာ ရန်ကုန်၊ နေပြည်တော်နှင့် မော်လမြိုင်မြို့တို့တွင် နေထိုင်သည့် သူအများစုဖြစ်ကြောင်း သိရပြီး  တစ်ဦးကို ပွဲစားခ ဘတ်ငွေ ၁၂၀၀၀ ကနေ ၃၀၀၀၀ အထိ ပေးပြီး ထိုင်းထဲကိုခိုးဝင်ခဲ့တာဖြစ်ကြောင်း သိရသည်။

ယင်းနေ့ နံနက်ပိုင်းကလည်း မယ်လမတ်ဒေသတွင် ပစ်ကပ်ကားတစ်စီးပေါ် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦးနှင့်ထိုင်းကားသမားတို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းဥပဒေအရ အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။