လီဗာပူးလ်နောက်ခံလူ အာနိုးလ်ကို ခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အသင်းစီစဉ်နေ

မတ် ၂၆

စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းသည် လီဗာပူးလ်နောက်ခံလူ အာနိုးလ်အား ပေါင်(၇၅)သန်းဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။

အာနိုးလ်သည် လီဗာပူးလ်အသင်းနှင့် တစ်နှစ်ကျော်သာ စာချုပ်သက်တမ်း ကျန်ရှိတော့သောကြောင့် ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ခေါ်ယူဖို့ ပြင်ဆင်နေခြင်းလည်း ဖြစ်ပါတယ်။

ရီးယဲလ်အသင်းသည် ချယ်လ်ဆီးနောက်ခံလူ ရီးစ်ဂျိမ်းစ်ကိုလည်း ပစ်မှတ်ထားခဲ့ဖူးပြီး ကစားသမား၏ ကြံ့ခိုင်မှုပြဿနာကြောင့် နောက်ဆုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။