ဒုတိယအကြိမ် ယှဉ်ပြိုင်ကစားမယ့် ဆီးရီးယားနဲ့ မြန်မာ

မတ် ၂၆

မတ်လ(၂၇)ရက် မြန်မာစံတော်ချိန် ွွွွွနံနက်နကန(၁)နာရီ မိနစ်(၃၀)အချိန်၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွက် ဆီးရီးယားလက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့ ဒုတိယအကြိမ် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်သည် အသင်းနှစ်သင်းစလုံးအတွက် အဝေးကွင်းပွဲစဉ်တစ်ခုဖြစ်ပြီး၊ ဆော်ဒီအားရေဗျနိုင်ငံ၊ ဒါမန်းမြို့ရှိ Prince Mohamed bin Fahd Stadium တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါတယ်။

ပြီးခဲ့သော မတ်လ (၂၁)ရက် ညနေ (၆)နာရီအချိန်၌ ရန်ကုန်မြို့ ၊သုဝဏ္ဏအားကစားကွင်းအတွင်း ဆီးရီးယား- မြန်မာ လက်ရွေးစင်အသင်းတို့ ပထမအကြိမ် ယှဉ်ပြိုင်ကစားကြရာ၊ ပွဲပြီးဆုံးချိန်တွင် တစ်ဘက် တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ထားပါတယ်။