သုခဒဂုံ ပြည်သူ့အိမ်ရာတွင် နေထိုင်ခြင်းမရှိတဲ့ အခန်းများအား ပြန်သိမ်းမည်


မတ် ၂၂

သုခဒဂုံ ပြည်သူ့အိမ်ရာတွင် နေထိုင်ခြင်းမရှိတဲ့ အခန်းများအား ပြန်သိမ်းမည်


မတ် ၂၂

သုခဒဂုံပြည်သူ့အငှားအိမ်ရာအတွင်း၌ အခန်းမဲပေါက်ထားသည့် အိမ်ခန်းများ၌ သတ်မှတ်စည်းကမ်းအတိုင်း နေထိုင်ရန်နှင့် နေထိုင်ခြင်းမရှိတဲ့ အိမ်ခန်းများကို ပြန်လည်သိမ်းယူမှာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြိုပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် အိမ်ခန်းငှားရမ်းခွင့် ရရှိထားသူများအနေဖြင့် လာမည့်မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး အငှားချထားသောအိမ်ခန်းတွင် လာရောက်နေထိုင်ရန်နှင့် နေထိုင်ခြင်းမရှိပါက အိမ်ခန်းအား ဌာနမှပြန်လည် သိမ်းယူပြီး အမှန်တကယ်နေထိုင်ရန် အခက်အခဲရှိသူများအား ပြန်လည်၍ နေရာချထားပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ အငှားအိမ်ရာ၌ နေထိုင်ရေးအခက်အခဲရှိတဲ့ ပြည်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေထိုင်နိုင်ရန် အိမ်ခန်းနေရာများကို အငှားချထား ပေးခြင်း ဖြစ်ပါတယ်။

ပထမအဆင့် ငှားရမ်းနေထိုင်ခွင့်ရရှိသူများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှစတင်ပြီး နေထိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ရာ အချိုသော ငှားရမ်းနေထိုင်ခွင့်ရရှိသူများသည် နေထိုင်ခွင့်ရရှိထားပြီးဖြစ်သော်လည်း လာရောက်နေထိုင်ခြင်းမရှိတာကြောင့် ပြန်လည်အပ်နှံရန်အတွက် စိစစ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် –

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725