ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး လ္ဘက်ရည်ဆိုင် ထိုင်နေစဉ် ပစ်သတ်ခံရ


မတ် ၂၂

ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး လ္ဘက်ရည်ဆိုင် ထိုင်နေစဉ် ပစ်သတ်ခံရ


မတ် ၂၂

ယနေ့ နံနက် ၁၀ နာရီချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူသည် လက်ဘက်ရည်ဆိုင်၌ လက်လက်ရည်သောက်နေစဉ် အကြမ်းဖက်သမား ၂ ဦးမှ ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

အသက် ၃၉ နှစ်အရွယ်ရှိ‌သော ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ကိုနန်းနွယ်ဦး၊ (ခ)နန်းနန်းသည် ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံးရှေ့ ရွှေလက်ပွား လ္ဘက်ရည်ဆိုင်ထိုင်နေချိန် အကြမ်းဖက် PDF အဖွဲ့ဝင် ၂ ဦးရောက်ရှိလာပြီး သေနတ်အတိုဖြင့် အနီးကပ်တေ့ ပစ်ခတ်ခံခဲ့ရာ နေရာ၌ သေဆုံးသွားကြောင်း သိရသည်။

၎င်း အုပ်ချုပ်ရေးမှူးဖြစ်သူသည် အဖော်များနှင့် လ္ဘက်ရည်သောက်နေချိန် အနီးကပ်လာရောပစ်သွားခြင်းခံရပြီး အဆိုပါ ပစ်ခတ်မှုကြောင့် လ္ဘက်ရည်ဆိုင်းအတွင်းရှိ စားသုံးသူများလည်း ကြောက်လန့်၍ ထွက်ပြေးသွားကြကြောင်း သိရသည်။

ရွှေဘိုမြို့ပေါ်သည် မကြာခဏ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တပ်ထောက်ခံသူများ မကြာခဏအသတ်ခံနေရကြောင်း သတင်းများအရ သိရှိရသည်။

သတင်းအပြည့်အစုံဖတ်ရန် –

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725