မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် MACCS ကို တာချီလိတ်နယ်စပ်ဒေသမှာ စတင်အသုံးပြုမယ်


မတ် ၂၀

မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် MACCS ကို တာချီလိတ်နယ်စပ်ဒေသမှာ စတင်အသုံးပြုမယ်


မတ် ၂၀

မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ်(Myanmar Automated Cargo Clearance System-MACCS) ကို တိုးချဲ့ဒေသအဖြစ် တာချီလိတ်နယ်စပ်ဒေသတွင် မတ်လ ၂၂ ရက်မှစတင်၍ အသုံးပြုသွားမှာဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်အခွန်ဦးစီးဌာနမှ အသိပေးကြေညာထားပါတယ်။

အဆိုပါစနစ်ကို လက်ရှိတွင် ရန်ကုန်ဧရိယာအတွင်းရှိ သီလဝါ SEZ အပါအဝင်၊ ရေဆိပ်၊ လေဆိပ်တွေမှာ အသုံးပြု နေသလို မြဝတီနယ်စပ်ဒေသ၊ မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ် ဒေသတို့တွင်လည်း အသုံးပြုနေတာ ဖြစ်တယ်လို သိရပါတယ်။

အဲ့ဒါကြောင့် တာချီလိတ်နယ်စပ်ဒေသတွင် တင်သွင်း/တင်ပို့လုပ်ငန်းများ ဆောင်ရွက်နေသည့်ကုမ္ပဏီများနှင့် အကောက်ခွန်ဝန်ဆောင်မှု ဆောင်ရွက်သူများအနေဖြင့် အကောက်ခွန်ဆိုင်ရာ ကုန်ပစ္စည်းရှင်းလင်းရေး လုပ်ငန်းစဉ်များကို MACCS စနစ်ဖြင့် ဆောင်ရွက်နိုင်တော့မှာဖြစ်တယ်လို ဆိုပါတယ်။

တာချီလိတ်နယ်စပ်ဒေသတွင် MACCS စနစ် အောင်မြင်စွာအသုံးပြုနိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကုန်သွယ်မှုဆက်စပ်ဌာနများ၊ တာချီလိတ်နယ်စပ်ကုန်သည်ကြီးများ အသင်း၊ တာချီလိတ်မြိုရှိ ကုန်ပစ္စည်း တင်သွင်း/တင်ပိုတဲ့ ကုမ္ပဏီများနှင့် အကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းတိုရဲ့ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်မှုဆက်စပ်ဌာနများနှင့် လုပ်ငန်းညှိနှိင်းအစည်းအဝေးပြုလုပ်ခြင်း၊ MACCS User များအတွက် စနစ်အသုံးပြုမှုဆိုင်ရာ စာတွေ့/လက်တွေ့သင်တန်းများ ဖွင့်လှစ်ပိုချခြင်းနှင့် စနစ်စမ်းသပ် အသုံးပြုခြင်း (Running Test)တိုကို ဆောင်ရွက်ထားပြီးဖြစ်တယ်လို သိရပါတယ်။

MACCS စနစ်ဟာ ဂျပန်နိုင်ငံရဲ့ NACCS(Nippon Automated Cargo And Port Consolidated System)စနစ်ကနေ ဆင်းသက်လာခဲ့တဲ့ စနစ်တစ်ခုဖြစ်ကာ ဂျပန်နိုင်ငံရဲ့ Grand 8 အကူအညီနဲ့ စုစုပေါင်း ယန်းသန်းပေါင်း ၃,၉၉၀ နဲ့ ၂၀၁၃ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တဲ့ ပရောဂျက်တစ်ခုဖြစ်တယ်လိုလည်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲ မှုနှင့်လူသားအရင်းအမြစ်ဖွံဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN