တန့်ဆည်မြို့နယ်နှင့် ကန့်ဘလူမြို့နယ်ကြားရှိ ငြိမ်းချမ်းရွှေပြည် မူးမြစ်ကူးတံတားဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်


မတ် ၁၇

တန့်ဆည်မြို့နယ်နှင့် ကန့်ဘလူမြို့နယ်ကြားရှိ ငြိမ်းချမ်းရွှေပြည် မူးမြစ်ကူးတံတားဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်


မတ် ၁၇

ယနေ့ နံနက်ပိုင်းအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ တန့်ဆည်မြို့နယ် မူးခွအုပ်စု မူးခွကျေးရွာ နှင့် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၊ ခါးတောက်ရင်း အုပ်စု ကံရိုးကျေးရွာကြားရှိ ငြိမ်းချမ်းရွှေပြည်မူးမြစ်ကူးတံတားဖွင့်ပွဲကို (၇၉)နှစ်မြောက် တပ်မတော်နေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရွှေပြည် မူးမြစ်ကူး တံတားကြီး ဖွင့်ပွဲကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားဖွင့်ပွဲကို ကန့်ဘလူဗျူဟာမှူးကြီးနှင့် ကန့်ဘလူခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဦးဝါသဝ(၅၅၀)ဆရာတော်ဘုရားနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ တံတားဖွင့်ပွဲကို ဒေသခံပြည်သူ ၂၀၀၀ ကျော်တက်ရောက်လာကြောင်းသိရသည်။ ၄င်းတံတားကြီးသည် တံတားအရှည်ပေ ၆၅၀ အရှေ့ဘက်ချဥ်းကပ် လမ်းပေ ၁၁၅၀ အနောက်ဘက်ချဥ်းကပ်လမ်းပေ ၂၀၀ တံတားအခန်းရေအတွက် ၅၄ ခန်း တစ်ခန်းလျှင် ၁၂ ပေ ယာဥ်သွားလမ်းအကျယ်ပေ ၁၂ ပေခွဲ တံတားအမြင့်ပေ ရေပြင်မှ ကြမ်းခင်းအထက် ၁၀ ပေဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်းစီနှင့် မြန်မာ့တပ်မတော်ကို ဒေသခံပြည်သူများ၏ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း သေခံပြည်သူ တဦးက ကျေးဇူးတင်ကြောင်း ပြောကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN