သမိုင်းဝင်ရွှေစာရံဘုရား (၇၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကျင်းပရန် ပြင်ဆင်နေ”


မတ် ၁၆

သမိုင်းဝင်ရွှေစာရံဘုရား (၇၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကျင်းပရန် ပြင်ဆင်နေ”


မတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြိုနယ်၊ ရွှေစာရံကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ရွှေစာရံစေတီတော် မြတ်ကြီးရဲ့ (၇၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ကျင်းပရန်ပြင်ဆင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

မည်သည့်ရက်တွင် စတင်ကျင်းပမည်ဆိုကို မသိရှိရသေးသော်လည်း လက်ရှိတွင် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချရန် ပြင်ဆင်နေပြီဖြစ်ပါတယ်။

ဘုရားပွဲတော်တွင် မြန်မာ့ ရိုးရာပစ္စည်းများဖြစ်တဲ့ ထန်းရွက်ဖြင့်ပြုလုပ်ထားတဲ့ ငါးရုပ်များ၊ ထန်းရွက် ပုတီးများ၊ အဝတ်အထည်များနှင့် မုန့်မျိုးစုံတိုကိုလည်း ရောင်းချလေ့ရှိပါတယ်။

ယမန်နှစ်က ဘုရားပွဲတော်တွင် ဈေးဆိုင်ခန်းပေါင်း ၈၀ဝ ကျော်အထိ ဖွင့်လှစ်ရောင်းချခဲ့တဲ့အပြင် ဘုရားဖူးလာသူများအနေနဲ့ ဒုဋ္ဌဝတီမြစ်၌ ဇီဝိတဒါန ကုသိုလ်ပြု နိုင်ရေး ငါးဘေးမဲ့လွှတ်နိုင်ရန်လည်း စီစဉ် ပေးထားကြောင်း သိရပါတယ်။

ရွှေစာရံစေတီတော်မြတ်အား တည်ထားကိုးကွယ်ခဲ့တဲ့ မူလလက်ရင်း ဘုရားဒါယိကာမမှာ မိုင်းမောဝ် ဒေဝီ စောမွန်လှ(ရှမ်းပြည်နယ်အခေါ်) စဝ်မွမ်းလ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံတွင် ရွှေစာရံဘွဲတော်ဖြင့် ထင်ရှားသောစေတီနှစ်ဆူရှိကာ မွန်ပြည်နယ်၊ သထုံမြိုရှိ ရွှေစာရံစေတီတော်နှင့် ယခုဘုရားပွဲကျင်းပမည့် မန္တလေးတိုင်း၊ မြစ်ငယ်မြစ်ပေါ်တွင်တည်ရှိသော ရွှေစာရံစေတီ တိုဖြစ်ပါတယ်။

စေတီတော်သမိုင်းအရ မွေတော် ဓာတ်‌တော်များကို ကောင်းကင်မှ စာကလေးငှက်များ ဝန်းရံနေသည်ကို အစွဲပြု၍ “ရွှေစာရံစေတီတော်” ဟု မှည့်ခေါ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN