မတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် အကြမ်းဖက် PDF ခေါင်းဆောင်ကို အလိုမရှိကြောင်းနှင့် ဒေသခံပြည်သူ ၄၀ ကျော်ဖမ်းဆီခံရ၍ ပြန်လွတ်ပေးဖို့ မတ်လ ၇ ရက်နေ့က ဒေသခံတွေ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
၎င်း ဆန္ဒဖော်ထုတ်ပွဲအား ဦးဆောင်သူ ဆားထုံးရွာသူ အမျိုးသမီး ၁ ဦးကို အကြမ်းဖက် PDF အဖွဲ့က ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်မှာ နေအိမ်ကို လာရောက်ပြီး မေးမြန်း လက်ထိပ်ခတ်တာ၊ သေနတ်ဒင်နဲ့ ထုတာအပြင် လာရောက်ဖမ်းဆီးတဲ့ အကြမ်းဖက် PDF အဖွဲ့ ရဲမေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ အကြမ်းဖက် PDF အဖွဲ့အမျိုးသားတစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို သိရပါတယ်။
လာရောက်ဖမ်းသော အကြမ်းဖက် PDF အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်ခန့်တွင် နေအိမ်ကိုလာရောက်ပြီး လက်ထိပ်ခတ်တာ၊ သေနတ်ဒင်နဲ့ ထုရိုက်တာတွေအပြင် လာရောက်ဖမ်းဆီးသော အကြမ်းဖက် PDF အဖွဲ့ဝင် အမျိုးသမီးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ အတူပါလာတဲ့ ပြောက်ကျားဝတ် သေနတ်ကိုင် အမျိုးသားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရှိရပါတယ်။
ထိုသို့ပစ်ခတ်ချိန်မှာ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူနဲ့ မိသားစုဝင်တွေက ခေါင်းငုံလိုက်လို့ ထိမှန်မှုမရှိပေမယ့် နေအိမ် ဘုရားစင်နဲ့ အကာအရံတွေကတော့ ကျည်ထိမှန် ပျက်စီးသွားခဲ့သလို သေနတ်ဒင်နဲ့ ထုခံရတဲ့အတွက် ဆန္ဒပြသူအမျိုးသမီးမှာ ခေါင်း ၃ ချက်ချုပ်လိုက်ရတယ်လိုလည်း ဒေသခံတွေက ပြောပြချက်အရ သိရပါတယ်။
အဲဒီနောက် ၎င်းမိသားစုကို ဖမ်းဆီးဖို့ ကြိုးစားနေချိန်မှာ ရွာခံတွေက ဝိုင်းလာလို့ အကြမ်းဖက် PDF အဖွဲ့တွေ ထွက်ပြေးခဲ့ကြရပေမဲ့ အခြားဆန္ဒပြသူတွေကိုလည်း လိုက်လံမေးမြန်းတာတွေ ဖမ်းဆီးတာတွေနဲ့ သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်တာ မေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပြီး နေတယ်လို သိရပါတယ်။
ညနေ ၃ နာရီအချိန်ခန့်မှာ ပြန်လည်ထွက်ခွာသွားခဲ့ပြီး ဖမ်းဆီးထားသူတွေကိုလည်း ညနေပိုင်းမှာ ပြန်လွှတ်ပေးမယ်လို့ ပြောဆိုခဲ့ပေမဲ့ ည ၇ နာရီအချိန်ထိ မလွှတ်ပေးသေးဘူးလို့ ဒေသခံများထံမှ သိရပါသည်။
PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews
Like, Share, Follow, Subscribe, Join