KIA ဌာနချုပ် လိုင်ဇာ၊ လိုင်စင်ပို့စ်၊ မိုင်ဂျာယန် တို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်သွားရန် လိုအပ်ကြောင်း ဗန်းမော်မြို့သူ/သား များမှ တောင်းဆိုနေ

မတ် ၇

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ မလိယန်စခန်း ၊ သံခမောက်စခန်း၊ တာပိန်ကြိုးတံတားနဲ့ မိုးမောက်မြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ကို ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၅ နာရီချိန်မှစပြီး KIA/PDF အကြမ်းဖက်သမားများက အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

တပ်မတော်မှ လေကြောင်းပစ်ကူယူပြီး အပြင်းအထန် ခုခံလျက်ရှိရာ KIA အဖွဲ့မှ မိုးမောက်မြို့အား သိမ်းပိုက်ပြီးပါက ဗန်းမော်မြို့သို့ ဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်း သိရသည်။

မိုးမောက်မြို့သည် ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်းပေါ်ရှိ အချက်အခြာ ကျသည့် မြို့ဖြစ်ပြီး KIA တပ်မဟာ ၃ ဌာနချုပ် မိုင်ဂျာယန်မြို့သို့ သွားရောက်နိုင်သည့် လမ်းကြောင်းပေါ်မှာတည်ရှိသည့် မြို့ဖြစ်သည်။

KIA မှ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လာမှုအပေါ် ထိရောက်စွာ ဟန့်တားနိုင်ရန် KIA ဌာနချုပ် လိုင်ဇာ၊ လိုင်စင်ပို့စ်၊ မိုင်ဂျာယန် တို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်သွားရန် လိုအပ်ကြောင်း ဗန်းမော်မြို့သူ/သား များမှ တောင်းဆိုလျက်ရှိသည်။

#PAN