ဇန်နဝါရီလ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ စိန်နန်းကျေးရွာကို ဇန်နဝါရီ ၄ ရက်နေ့တွင် တပ်မတော်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူများ ထိခိုက်သေဆုံးမှုရှိ ကြောင်း သတင်းတု၊ သတင်းအမှားများကို Khit Thit Media က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ တန့်ဆည်မြို့နယ်၊ စိန်နန်းကျေးရွာကို PDF အမည်ခံ အကြမ်းဖက် သမားများမှ ဒရုန်းများဖြင့် ကျေးရွာအတွင်းဗုံးကျဲခဲ့ခြင်းကြောင့် ကျေးရွာ နေပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ နယ်မြေ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
အလားတူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ မဟာမုနိဘုရားကြီးအနီးရှိ ကျေးရွာများကို တပ်မတော်မှ နေ့၊ ည လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေ၍ ကျေးရွာအချို့ မီးလောင်ပျက်စီးခဲ့ ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေ သည်ကို တွေ့ရှိ ရသည်။
သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကျောက်တော်မြို့၊ မဟာမုနိဘုရားကြီး အနီးနှင့် ဝန်းကျင်ကျေးရွာများတွင် ထိတွေ့ ပစ်ခတ်မှုများ မရှိကြောင်းနှင့် AA သောင်းကျန်းသူများက အဝေးမှလက် နက်ကြီး၊ ရှော့တိုက်ဒုံးများဖြင့် တပ်စခန်းရှိရာနေရာများသို့ ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး ဒေသခံ တိုင်းရင်းသားများနေ ထိုင်ရာ ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့၍ နေအိမ်အချို့ မီးလောင်ကျွမ်းမှုများရှိခဲ့ကြောင်း သိရှိရ ပါသည်။
အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် မြို့၊ ရွာများ တည်ငြိမ်မှု ပျက်ပြားစေရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွား ဘဝကို ပျက်စီးစေရန် ရည်ရွယ်လျက် အကြမ်းဖက်လုပ် ရပ်များ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများ၊ အကြမ်းဖက်သမားများ၏ လုပ်ရပ်များအား ဖုံးကွယ်ပေးရန်နှင့်ပြည်သူ များမှ တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေရန်အတွက် သတင်းမှားများကို ဖန်တီးရေးသား ဖြန့်ဝေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။
PAN