နှစ်နှစ်အထက်ကြာအောင် အသုံးမပြုသော အကောင့်များကို ဂူဂဲလ်က စတင်ဖျက်သိမ်းနေ

ဒီဇင်ဘာ ၁၉

      Google ကုမ္ပဏီသည် အသုံးပြုသူများမှ နှစ်နှစ်အထက် အသုံးမပြုသော သို့မဟုတ် အကောင့်ဝင်ခြင်းမရှိသော အကောင့်များကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖယ်ရှားရန် စီစဉ်နေပါသည်။ Google သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ထိ ခိုက်ခဲ့သော အကောင့်များကို စတင်ဖယ်ရှားနိုင်သည်ဟု မူဝါဒကို မေလတွင် ကြေ ညာခဲ့သည်။ ဖျက်ပစ်နိုင်သည့် သုံးစွဲသူဒေတာများတွင် Google Drive၊ Docs၊ Gmail နှင့် အခြားဝန် ဆောင်မှုများအတွင်း သိမ်း ဆည်းထားသည့် အကြောင်းအရာများ ပါဝင်ပါသည်။

     ဖျက်ပစ်ခံရနိုင်ခြေရှိသည့် အကောင့်များရှိသည့် သုံးစွဲသူများသည် မူဝါဒနှင့် အကောင့်များ ရှင်သန်နေစေရန် လိုအပ်သော အဆင့်များအကြောင်း ရှင်းပြထားသည့် အီးမေးလ်စာတိုများကို လက်ခံရရှိသင့်ပြီးဖြစ်ကြောင်း Google မှ ပြောကြားခဲ့သည်။

      သို့ရာတွင်အကောင့်များကို တစ်ကြိမ်တည်း အား လုံးဖျက်မည်မဟုတ်ဘဲ သီးခြားစီသာ ဖျက်မည်ဖြစ်သောကြောင့် လက်ရှိအချိန်တွင် ဖျက် သိမ်းခြင်းမခံရသေးသော အကောင့်များရှိပါက အကောင့်ကို နည်းလမ်းတစ်ခုခုဖြင့် Activate ပြုလုပ်ခြင်းဖြင့် အဖျက်မခံရအောင် ကာကွယ်နိုင်ဦးမည်ဖြစ်သည်။

      အကောင့်ဖျက်သိမ်းခြင်း မခံရရန်အတွက် လုပ် ဆောင်နိုင်သည့် နည်းလမ်းအမျိုးမျိုးကို ဂူဂဲလ်ကအသိပေးထားရာ   အလွယ်ဆုံးနည်းလမ်းမှာ ဂျီမေးလ်သို့ဝင်၍ မေးလ်တစ်စောင်ကို ဖွင့်ဖတ်လိုက်ရန်ပင်ဖြစ်သည်။   အခြားနည်းလမ်းများအနေဖြင့် Google Drive ကို  အသုံးပြုခြင်း၊ YouTube တွင် ဂူဂဲလ်အကောင့်ဖြင့်ဝင်၍ ဗီဒီယိုတစ်ခုခုကို ကြည့်ရှုခြင်း၊ ပလေးစတိုးသို့  ဂူဂဲလ်အကောင့်ဖြင့်ဝင်၍ အက်ပ်တစ် ခုခုကို  ဒေါင်းလုပ်ဆွဲခြင်း၊  Google Search ကို အကောင့်ဝင်၍ အသုံးပြုခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။

      အထက်ပါ Activate နည်းလမ်းများကို နှစ်နှစ်အတွင်းတစ်ကြိမ်မှ ပြုလုပ်ခြင်းမရှိသော အကောင့်များအနေဖြင့် ဒီဇင်ဘာ ၁ ရက်မှစ၍ မည်သည့်အချိန်တွင်မဆို  ဖျက်ပစ်ခြင်း ခံရနိုင်မည်ဖြစ်သည်။ အကောင့်များကို ဖျက်ပစ်ရာတွင် အကောင့်အတွင်းရှိ ဒေတာများအားလုံးနှင့်အတူ အဆိုပါဂူဂဲလ်အကောင့်ဖြင့် လော့ဂ်အင်ဝင်ထားသည့် အခြားဆိုရှယ် မီဒီယာအကောင့်များအတွက် Contact Email အဖြစ်ကပါအဖျက်ခံရမည်ဖြစ်ကြောင်း၊ သို့ရာတွင် ဖျက်ပစ် လိက်သောအကောင့်၏ အမည်တူအကောင့်အသစ်ကို အခြားလူများအနေဖြင့် ထပ်မံပြုလုပ် အသုံးပြုနိုင် မည်မဟုတ်၍ ဖျက်ပစ်လိုက်သော အကောင့်များတွင်ရှိသည့် ဒေတာများနှင့် ယင်းအကောင့်နှင့်ချိတ်ဆက်ထားသည့် ဆိုရှယ်မီဒီယာ အကောင့်များမှ ဒေတာများ၏ လုံခြုံရေးအတွက် စိတ်ပူရန်မလိုကြောင်း ဂူဂဲလ်က ကြေညာထားသည်။

       အချိန်ကြာမြင့်စွာ အသုံးမပြုသောအကောင့်များသည် ဟက်ကာများ၏ ဟက်ခ်ခံရနိုင်ခြေ ပိုများသည့်အတွက်  ဤအန္တရာယ်ကို လျှော့ချရန်  အနည်း ဆုံးနှစ်နှစ်ကြာအောင် အသုံးမပြုသော အကောင့်များကို ဖျက်သိမ်းရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဂူဂဲလ်က ကြေညာထားပြီး  ယခုအကောင့်ဖျက်သိမ်းမည့် အစီအစဉ်တွင် Gift Card အကောင့်များ၊ ပလေးစတိုးတွင် ဟအက်ပလီကေးရှင်းတစ်ခုခုကို တင်ပေးဖူးသည့် အကောင့်များနှင့် Youtube တွင်   ချန်နယ်ဖွင့်ထားသောအကောင့်များအနေဖြင့် ခြွင်းချက်ရရှိမည်ဖြစ် ကြောင်းလည်း သိရသည်။       

#PAN