ရေဖြူရှိ မောရဝတီ ရေတပ်ဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အရာရှိ ၁ ဦး အပါဝင် ၅ ဦးသေဆုံးခဲ့ကြောင်းနှင့် မုံရွာမြို့တွင်လည်း  ရိက္ခာပို့ ကားကို ပစ်ခတ် တိုက်ခိုက်မှု ကြောင့် ၂ ဦး သေဆုံးခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် သတင်းတု သတင်းမှားများ ဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၁၈

     တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းရွာရှိ မောရဝတီရေ တပ်ဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ တပ်ခွဲမှူးအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်းနှင့်  မုံရွာမြို့တွင်လည်း  ရိက္ခာပို့ ကားကို ပစ်ခတ်တိုက် ခိုက်မှုကြောင့်    ၂ ဦး သေဆုံးခဲ့ကြောင်း ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့်  Khit Thit မှ မဟုတ်မမှန် ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

       အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၏ ဖြေကြားချက်များအရ ရေဖြူမြို့နယ်တွင် အကြမ်းဖက် သမားများမှ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မည်သည့်လူနှင့် အဆောက်အဦမျှထိခိုက်မှု မရှိကြောင်းနှင့်  မုံရွာမြို့တွင်လည်း ရိက္ခာကားများ သယ်ယူပို့ဆောင်ခြင်းမရှိကြောင်း သိရှိရပြီး လိမ် လည်ရေးသားသည့် လုပ်ကြံ သတင်းမှားများသာဖြစ်ကြောင်း သိရှိရသည်။

      သို့ဖြစ်ပါ၍ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် မဟုတ်မမှန်သတင်းများကို ရေးသားဖြန့်ဝေကာ ပြည်သူလူထုမှ တပ်မတော်အပေါ် ယုံကြည်အားကိုးလိုစိတ် လျော့ကျစေရန် ရည် ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။

#PAN