ပဲလေ့စ်အသင်းရဲ့ နောက်ကျချေပဂိုးပေးလိုက်ရတာကြောင့် ရမှတ်တွေ ဆုံးရှုံးခဲ့ရတဲ့ မန်စီးတီးအသင်း

ဒီဇင်ဘာ ၁၈

      ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ မှာ လက်ရှိချန်ပီယံ မန်စီးတီအသင်း ဟာ ခရစ္စတဲလ်ပဲလေ့စ်အသင်းကို အနိုင်ရလဒ်ကနေ နောက်ကျသွင်းဂိုးတွေ ပေး လိုက်ရတာကြောင့် သရေရလဒ် ဖြစ်ပေါ်ခဲ့ပြီး ရမှတ်တွေ ထပ်မံဆုံးရှုံးခဲ့ရပြန်ပါတယ်။

     မန်စီးတီးအသင်း ဟာ အဓိကတိုက်စစ်မှူး ဟာလန်း ကလွဲပြီးကျန်ရှိနေတဲ့ ကစားသမားအစုံ အလင်နဲ့ ပွဲထွက်လာခဲ့ပြီး ပွဲချိန် ၂၄ မိနစ်မှာ ဂရေးရှ်လစ်ရဲ့ သွင်းဂိုးနဲ့ဦးဆောင်နိုင်ခဲ့သလို ပွဲချိန် ၅၄ မိနစ်မှာ ရီကို ရဲ့သွင်းဂိုးနဲ့ ၂ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၇၆ မိနစ်မှာ ပဲလေ့စ်အသင်း ကို ပထမဆုံးချေပဂိုးပေးခဲ့ရသလို ပွဲပြီးခါနီး နာကျင်အချိန်ပို ၅ မိနစ်မှာ ပင်နယ်တီပေးခဲ့ရတာကြောင့် သရေရလဒ် ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

      ဒီဇင်ဘာပွဲကျပ်ကာလမတိုင်ခင်မှာ အမှတ် ပေးဇယားကွာဟမှု ကျဉ်းမြောင်းဖို့လိုနေတဲ့ မန်စီးတီးအသင်းက အဆင့် (၄)နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။ မန်စီးတီးအသင်းနည်ပြ ဂွာဒီယိုလာ က အနိုင်သေချာစေပြီးမှ သရေရလဒ်ဖြစ်ပေါ်ခြင်းက ထိုက်တန်တယ်လို့ မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

#PAN