တောင်ငူနှင့် မရမ်းကုန်းမြို့နယ်များတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၁၈

      မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲတွင် တောင်ငူမြို့၊ အမှတ်(၂) ရပ်ကွက်၊ ကျုံးပတ်လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ စည်သူလင်းကို  စစ်ဆေးရှာဖွေရာ ၎င်းထံမှ  စိတ်ကြွရူးသွပ်ဆေး ပြား ၁၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့သည်။

       ထို့အပြင် ယင်းနေ့ ညနေ ၄ နာရီခွဲတွင် ပူး ပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ညီညီထွန်းကို  စစ်ဆေးရှာဖွေရာ ၎င်းထံမှ  စိတ်ကြွရူး သွပ်ဆေး ပြား ၂,၀၀၀ ကို သိမ်းဆည်းရမိခဲ့သည်။

       ဖမ်းဆီးရမိ တရားခံတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင် ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

#PAN